တိရစ္ဆာန်ချစ်တတ်တဲ့သူတွေအတွက် ရင်ကွဲစရာမြင်ကွင်းပါပဲ..

နှလုံးသားမရှိ ၊ ကိုယ်ချင်းမစာနာတတ်တဲ့ သူတွေလက်ထဲမှာ တိရစ္ဆာန်လေးတွေဘယ်လိုနေထိုင်ရတယ်ဆိုတဲ့အကြောင်းတွေ အင်တာနက်မှာရော ၊ အပြင်သတင်းတွေမှာပါ ကြားဖူးကြပါလိမ့်မယ်။ ဘာမှမသိ ၊ နားမလည်တဲ့ တိရစ္ဆာန်လေးတွေ လူသားတွေဒေါသဖြစ်တိုင်း သူတို့ကိုရိုက်နှက် နှိပ်စက်ခံနေရတာမြင်ရင် စိတ်ထဲမကောင်းရပါဘူး။ 

တရုတ်နိုင်ငံ Nanjing မှာနေထိုင်တဲ့ Zhang ဆိုတဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့ချစ်သူကောင်မလေးကို လက်ဆောင်ပေးဖို့ဆိုပြီး ကြောင်လေးတစ်ကောင်ဝယ်ပေးပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်ကြာတော့ ကောင်မလေးကို သူ့ကိုကြောင်လေး လာပြန်ပေးပါတယ်။ ကြောင်လေးကို သူမ,မစောင့်ရှောက်တတ်ဘူးလို့ဆိုတယ်။ ကြောင်လေးလည်း နေမကောင်းဖြစ်နေပြီး ရက်ပိုင်းလောက် ဘာမှမစားနိုင်ဘူးတဲ့။ 

ကြောင်ကို Zhang က သူဝယ်ခဲ့တဲ့ဆိုင်ကိုပြန်ခေါ်သွားပြီး ကြောင်လေးရဲ့အခြေအနေကိုကြည့်ပေးပါ။ နေကောင်းသွားရင် ပြန်ခေါ်မယ်ဆိုလို့ ပိုင်ရှင်ကလည်း သဘောတူခဲ့ပါတယ်။ 

နှစ်ပတ်လောက်အကြာမှာ ပြန်ရောက်လာပြီး ကြောင်ကိုမမွေးနိုင်တော့ဘူး ၊ အချိန်မရှိတော့လို့ဆိုပြီး ပိုင်ရှင်ကိုပြောပါတယ်။ ဒါကြောင့် ကြောင်အတွက်ပေးထားတဲ့ ပိုက်ဆံကို ပြန်ပေးလို့ဆိုတယ်။ သူပြောသလို ပိုင်ရှင်ဘက်က လွယ်လွယ်သဘောမတူနိုင်ခဲ့ဘူး။ နေမကောင်းဘူးဆိုလို့ လက်ခံပြုစုပေးထားတာတောင် တော်တော်များနေပြီလို့ဆိုင်ရှင်ကပြောပါတယ်။ မွေးဖို့ အချိန်မရှိရင် အစတည်းက မမွေးနဲ့ပေါ့နော်။ 

အဲ့ဒါနဲ့ Zhang က ကြောင်ကို သူ့ပေး.. ပြီးပြတ်သွားအောင်စာရင်းရှင်းပေးမယ်လို့ဆိုပါတယ်။ ဘာမှန်းမသိတော့ ဆိုင်ရှင်ကပေးလိုက်ချိန်မှာ ကြောင်ကိုဆိုင်အပြင်ခေါ်ထုတ်သွာပြီး လက်ထဲမှာကိုင်ထားတဲ့ အိတ်နဲ့ ကြောင်ပေါက်စနလေးကို ရိုက်ပါလေရော။ ကြောင်လေးက ခုမှနလန်ထူကာစပဲရှိသေးတာပါ။ သူ့အားနဲ့ရိုက်နေလို့လှုပ်တောင်မလှုပ်နိုင်တော့ဘူး။ အရမ်းရက်စက်လွန်းရာ ကျပါတယ်... 

ဆိုင်မှ ၀န်ထမ်းတွေဝိုင်းဆွဲတော့ ကြောင်လေးဟာ ကြမ်းပေါ်မှာသေဆုံးနေပါပြီ။ ရဲကိုခေါ်တိုင်တော့ Zhang က ထွက်ပြေးသွားပါတယ်။ ကြောင်လေးအတွက် ဘာမှမလုပ်ပေးနိုင်လိုက်တဲ့အတွက် ဝန်ထမ်းတွေလည်း ဝမ်းနည်းနေရပါတယ်။ Zhang ကိုတော့ ရဲတွေမြန်မြန်ဖမ်းမိပြီး ကောင်းကောင်းအပြစ်ပေးပါစေလို့ အင်တာနက်သုံးစွဲသူများ မျှော်လင့်နေကြပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations