ပါးစပ်ကဖွင့်မပြောချင်ပေမယ့် စိတ်ထဲမှာတကယ်မနှစ်သက်တဲ့ မိန်းမတစ်ယောက်ရဲ့အမူကျင့်တွေကတော့ .

မိန်းကလေးတစ်ယောက် ဘယ်လောက်ရုပ်ချောပြီး လှပနေပါစေ။ ဒီလိုအကျင့်စရိုက်တွေရှိနေမယ်ဆိုရင် ယောက်ျားလေးတွေ လက်မခံနိုင်ပါဘူး။ ဒီအကျင့်တွေကြောင့် ကိုယ့်ရဲ့လှပနေတဲ့ နဂိုရုပ်ခံလေးကိုတောင် မှေးမှိန်သွားစေပါတယ်။ သူတို့ပါးစပ်ကဖွင့်မပြောချင်ပေမယ့် စိတ်ထဲမှာတကယ်မနှစ်သက်တဲ့ မိန်းမတစ်ယောက်ရဲ့အမူကျင့်တွေကတော့ . . . 

တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိ

တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိတာဟာ ကောင်းတဲ့အရာတော့မဟုတ်ဘူး။ မိန်းကလေးတွေသာမက ယောက်ျားလေးတွေလည်း သတိထားသင့်ပါတယ်။ အရမ်းစိတ်ပျက်ဖို့ကောင်းတဲ့ အကျင့်ပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိရင်တော့ ဘယ်သူမှသည်းခံနိုင်မှာမဟုတ်ပါဘူး။ 

မိတ်ကပ် လိမ်းလွန်းသူ 

မိတ်ကပ်အထူကြီးတွေ အမြဲတမ်းလိမ်းနေစရာမလိုပါဘူး။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကိုယ့်ရဲ့နဂိုမူလ မျက်နှာကိုလေးအတိုင်း လိမ်းခြယ်ပေးတာ အကောင်းဆုံးပါပဲ။ 

ယုံကြည်မှုလွန်ကဲခြင်း 

ယုံကြည်မှုဆိုတာ ရှိသင့်ရုံလေးပဲရှိတာကောင်းပါတယ်။ ယုံကြည်မှုလွန်ကဲသွားရင် အမူရာအိုဗာတွေဖြစ်တတ်ပါတယ်။ စကားပြောဆိုတဲ့လေယူလေသိမ်းကအစ ပြောင်းလဲသွားတတ်သလို ယောက်ျားတွေက သူ့တိုအပေါ်အသာစီးကြောတဲ့ မိန်းမမျိုးကို မနှစ်သက်ပါ။ 

အရင်ရည်းစားအကြောင်းခဏခဏပြောသူ 

အရင်ရည်းစားအပေါ် ဘယ်လိုစိတ်ထားခဲ့တာ၊ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို တစ်ခေါက်လောက်ပြောရုံနဲ့ လုံလောက်ပါတယ်။ ထပ်ခါထပ်ခါပြောနေမယ်ဆို သူ့စိတ်ထဲဘာဖြစ်နေမယ်ဆိုတာ သင်မသိနိုင်ဘူး။ သင်က သူ့ကိုမမေ့နိုင်သေးလို့များလား? ဘယ်သူမှ ဒါကိုနားထောင်ကောင်းတဲ့ပုံပြင်တစ်ပုဒ်လို အချိန်ပေးနားထောင်နေမှာမဟုတ်ဘူးနော်။ ဆွဲဆောင်မှုတွေ လျော့ကျစေပါတယ်။ 

ရိုက်တတ်တဲ့အကျင့် 

တစ်ခုခုဖြစ်ပြီဆို စကားနဲ့မပြော၊ လက်ပါတတ်တဲ့အကျင့်ဟာ မကောင်းပါဘူး။ ဘယ်သူမှ အသားနာတာကိုမကြိုက်ဘူးလေ။ သူ့ဘက်က သင့်အပေါ်အမှားကြီးမှားခဲ့လို့ ရိုက်ပစ်ချင်လောက်အောင် စိတ်တိုမိတာ နားလည်ပေမယ့် သဘောထားကွဲလွဲလို့ စကားများရန်ဖြစ်တဲ့အခါ ရိုက်တတ်တဲ့အကျင့်ကို ဘယ်သူမှ လက်မခံပါ။ ယောက်ျားလေးလည်း ဒီလိုပါပဲ။ မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ယောက်ျားဟာ လူပြောချင်စရာဖြစ်ပါတယ်။ 

ကိုယ့်ကိုယ်အမြဲတမ်းမှန်တယ်လို့ ထင်နေရင် 

ဘာပဲလုပ်လုပ်၊ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်အမြဲမှန်တယ်လို့ မိန်းကလေးကို သူတို့ကြောက်ပါတယ်။ ယုံကြည်မှုလွန်ကဲရင် ဒါမျိုးဖြစ်တတ်ပါတယ်။ ဘယ်သူမှ အမြဲတမ်းမမှန်နိုင်ပါဘူး။သင်ယူလေ့လာပါ။ လူတိုင်းအမှားနဲ့ မကင်းနိုင်ပါဘူး။ သူ့အမြင် ၊ ကိုယ့်အမြင်ဆိုတာရှိတဲ့အတွက် ကိုယ်ပဲမှန်ပြီး သူ့လုပ်ရပ်တွေ အဓိပ္ပာယ်မရှိဘူးလို့ မတွေးပစ်ပါနဲ့ ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations