ဘယ်ဘဝက ဆုတောင်းတွေကြောင့် ဒီလောက်တောင်လှနေရတာလဲ...

၂၀၁၂ခုနှစ်တုန်းက အသက်(၄၄)နှစ်အရွယ် ဂျပန်အမျိုးသမီး Masako Mizutani ဟာ သူမရဲ့  အံ့သြစရာကောင်းအောင် လှပတဲ့အသွင်ပြင်ကြောင့် နိုင်ငံတကာဆိုရှယ်မီဒီယာမှာတော့ ၀ုန်းဝုန်းတောက် နာမည်ကြီးသွားပါသေးတယ်။ 

သူမရဲ့အသားရည်ထိန်းသိမ်းပုံ ၊ နေထိုင်မှုပုံစံနဲ့ ၊ ၀တ်ပုံစားပုံတွေဟာ ဆယ်ကျော်သက် မိန်းကလေးများ အားကျအတုယူစဖွယ်ကောင်းပြီး သုံးတဲ့ brand တွေဟာလည်း အမိုက်စားတွေချည်းပဲလို့သိရပါတယ်။ သူမကို “The Lady of Eternal Youth” အဖြစ်လည်းတင်စားခံခဲ့ရပါတယ်။ 

အခုဆိုရင်တော့ သူမအသက် ၅ဝရှိပြီဖြစ်ပြီိး မျက်နှာအမူရာလေးကတော့ တကယ်ပဲ အသက် (၂၀)မိန်းကလေးလို့ထင်ရပါတယ်။ ဘလော့ပို့စ်နဲ့ အင်တာဗျုးတွေမှာလည်း အသက်ရွယ်နဲ့ အလှပ ၊ ကျန်းမာရေးတွေကို ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာကို ပြောပြပေးသွားတာတွေရှိပါတယ်။ 

အရက် ၊ ဘီယာတို့ကိုရှောင်ရှားပြီး  အသီးအရွက်များများစားကာ နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတယ်လို့ သူမကပြောပါတယ်။ နေရောင်ခြည်ဒဏ်ကို တတ်နိုင်သမျှရှောင်ပြီး အရိပ်ထဲမှာနေဖြစ်အောင်နေပါတယ်။ သူမရဲ့မထင်မှတ်ထားတဲ့ အလှပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations