တကယ်တော့ ထိုမိန်းကလေးက ပြောင်းဖူးပေါက်ပေါက်ရောင်းသူမဟုတ် ၊ ဘေးနားကကူရောင်းပေးခြင်းသာဖြစ်

ဆိုင်တစ်ဆိုင်မှာ မိန်းကလေးချောချောလေး ဈေးရောင်းနေတာမြင်ရင် ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်တဲ့ခေတ်လို ဖြစ်နေပါပြီ။ တစ်ချို့ ကလည်း ရောင်းရဖို့ ၊ စားသုံးသူများကို ဆွဲဆောင်နိုင်ဖို့ ဒီနည်းလမ်းသုံးကြတယ်။ တစ်ချို့ကတော့ အမှတ်မထင်ပဲ ဓာတ်ပုံအရိုက်ခံရပြီး ဖေ့စ်ဘုတ်ပေါ်တင်ခံရတယ်။ 

Mabalacat, Pampanga ကပြောင်းဖူးပေါက်ပေါက် ကောင်မလေးဆိုပြီး မထင်မှတ်ထားဘဲအင်တာနက်မှာ နာမည်ကြီးလာတဲ့သူလေးကတော့ လူချစ်လူခင်ပေါများလို့နေပါတယ်။ ဒီလှည်းကလေးနဲ့လိုက်ရောင်းနေတဲ့ပြောင်းဖူးပေါက်ပေါက်တွေ ရောင်းထွက်အောင်တမင် ဒီကောင်မလေးအား ခေါ်ထားခြင်းမဟုတ် ၊ ဝိုင်းကူရောင်းပေးနေတာဖြစ်ပါတယ်။ 

မိန်းကလေးနာမည်က Louri Caye ဖြစ်ပြီး Mabalacat, Pampanga မှာ ပြောင်းဖူးပေါက်ပေါက်လှည်းနား ဈေးရောင်းဖို့ရပ်နေစဉ် လူတွေတစ်ယောက်ပြီးတစ်ယောက် တန်းစီပြီးလာဝယ်ကြတာဖြစ်ပါတယ်။ လူတွေရဲ့အာရုံကိုလည်း တမင်သူမ လုပ်ယူခဲ့တာမဟုတ်ဘူးလို့ပြောပါတယ်။

 ဖေ့စ်ဘုတ်သုံးစွဲသူ Keren Kazia Bondad Casa က Louri ပြုံးပြီးဈေးရောင်းနေတဲ့ပုံလေးတွေ ရိုက်ကူးပြီး ဖေ့စ်ဘုတ်ပေါ်တင်ခဲ့ပါတယ်။ သူမပုံတွေဟာ ချက်ချင်း အင်တာနက်မှာပျံနှံ့သွားပြီး Mabalacat, Pampanga က “popcorn girl” လို့တောင် နာမည်တွင်သွားပါတယ်။ ချစ်စရာကောင်းလိုက်တာ... 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations