ငယ်ငယ်ကဆို ကျောင်းမှာ ဝိုင်းလှောင်ကြလို့ အိမ်ကို ငိုငိုပြီးပြန်လာရသတဲ့... :'(

ဝါဿနာအရ ကိုယ်အကြိုက်ဆုံးဇာတ်ဆောင်တွေရဲ့ဝတ်စုံတွေကို ဝတ်ဆင်ပြီး ကိုယ့်ရဲ့artistic side ကို သိရှိစေရန် ဒီလိုဆန်းဆန်းပြားပြားလေးတွေ တစ်ချို့ လူတွေကလုပ်တတ်ပါတယ်။ Artist နဲ့ gamer တစ်ယောက်ဖြစ်တဲ့ Asta Young လိုပေါ့ ။ 

Asta Young ဟာ အရပ် ၄ပေ ၅လက်မပဲရှိပေမယ့် အသက်ကတော့ ၂၅နှစ်ဖြစ်နေပါပြီ။ သူမရဲ့အရပ်ကြောင့်  ကျောင်းမှာသာမက အပြင်မှာလည်း လူအများရဲ့အထင်သေးတဲ့အကြည့်တွေ၊ အပြောတွေကို ခံခဲ့ရပါတယ်။ 

''ငယ်ငယ်တည်းက ကျွန်မ gym ကိုသွားရပါတယ်။ ခြေထောက် သေးသေးလေးတွေကြောင့်ဘယ်လိုမှ မပြေးနိုင်လို့ Gym မှာ အမြဲတမ်း လေ့ကျင့်ရတယ် '' 

'' အဲ့ဒီအကျိုးကျေးဇူးတွေက ကျွန်မကို ယုံကြည်ချက်ပြန်ရလာစေပါတယ်။ ငယ်ငယ်ကဆို ကျောင်းမှာ ဝိုင်းလှောင်ကြလို့ အိမ်ကို ငိုငိုပြီးပြန်လာရတယ်။ အဲ့ဒီတုန်းကနဲ့ အခုတော့ တော်တော်လေး ကွာခြားသွားပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက ကျွန်မကို ယုံကြည်မှုရှိစေတယ် ။ ပိုပြီးလည်း ပျော်စေလာတယ် '' လို့ Asta Young ကပြောပါတယ်။ 

အရာအားလုံးကပြောင်းလဲသွားပါတယ်။ cosplaying ကို နှစ်အနည်းငယ်ကြာ လေ့လာပြီးနောက်မှာ သူမရဲ့နေထိုင်မှုဘဝမှာ တစ်ဖန်ပြန်လည်ပြီး ယုံကြည်ချက်ရလာခဲ့တယ်။ သူမရဲ့ခန္ဓာကိုယ်သွင်ပြင်နဲ့ ပတ်သတ်ပြီးတော့လည်း လူ့အသိုင်းဝိုင်းက သိပ်ပြီးဝေဖန်ကဲ့ရဲ့တာမျိုးမရှိတော့ဘူး။ 

မွေးလာတည်းက သူမကိုယ်သူမ ချို့ ယွင်းနေတယ်လို့မခံစားရအောင် မိဘတွေကလည်း အမြဲတမ်းနှစ်သိမ့်အားပေးခဲ့တာကြောင့် ဒီလိုစိတ်ဓာတ်ခိုင်မာစွာရပ်တည်နိုင်တာပါလို့ သူမက အင်တာဗျုးတစ်ခုမှာပြောသွားပါတယ်။ သူမက “Star Wars , Marvel နဲ့ DC Comics တွေရဲ့အခိုင်မာပရိတ်သတ်တစ်ဦးဖြစ်ပြီး ဂိမ်းနဲ့ anime ဖြစ်တဲ့ “League of Legends” နဲ့“Pokemon.” တို့ကိုလည်း သိပ်ကြိုက်ပါတယ်။ သူမလိုပဲ အခြားလူတွေလည်း စိတ်အားမငယ်ပဲ ကိုယ်ယုံကြည်ရာကို ဖြစ်မြောက်အောင် ကြိုးစားနိုင်ပါတယ်လို့ စိတ်ခွန်အားတွေ မြှင့်တင်ပေးခဲ့ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations