သဘောတူညီမှုဆိုတာ ကွဲပြားတဲ့အခြေအနေတွေမှာ ကိုင်တွယ်နိုင်ဖို့အတွက် အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။

ကလေးသေးခံလဲတဲ့အခါ လူတော်တော်များများက သဘောတူညီမှုတွေယူစရာမလိုဘူးလို့ တွေးထင်တတ်ကြပါတယ်။ 

ဒါပေမယ့် လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်ပြောကြားချက်အရ ကလေးသေးခံလဲတဲ့အခါခွင့်ပြုပေးဖို့ တောင်းဆိုတာက ရှေ့လျှောက်အနာဂတ်အတွက် ကောင်းမွန်တဲ့ အမူကျင့်တစ်ခုလို့ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

လိင်ပိုင်းဆိုင်ရာ အသိပညာပေး စာရေးဆရာမနဲ့ ဟောပြောသူတစ်ယောက်ဖြစ်တဲ့ Deanne Carson ဟာABC သတင်းမှာ သူမ အလုပ်နဲ့ပတ်သတ်ပြီး ခုလိုပြောကြားခဲ့ပါတယ်။ သူမက ကလေးတွေနဲ့သုံးနှစ်ကြာ အလုပ်အတူတူလုပ်ဖူးသူဖြစ်ပြီး ကလေးအမေအများစုနဲ့လည်း ရင်းနှီးမှုရှိပါတယ်။ 

ဒီလိုမျိုး ကလေးကိုခွင့်ပြုချက်တောင်းတာဟာ နည်းနည်းတော့ အောင့်သက်သက်ဖြစ်စေပေမယ့် ကလေးရဲ့တုံ့ပြန်မှုကိုတော့ မျှော်လင့်ထားစရာမလိုဘူးလို့ ဆိုပါတယ်။ ကလေးဆိုတာ ပြန်ပြောချင်လည်း ပြောမယ်၊ မပြောချင်ရင်လည်း ပြောမှာမဟုတ်တဲ့အတွက် ကလေး တုံ့ပြန်မှုကိုစောင့်စရာမလိုပါဘူး။ ဒီတိုင်း လဲပေးတော့မယ်ဆိုတာ အသိပေးရုံသဘောလောက်သာဖြစ်ပါတယ်။ တကယ်လို့ စကားပြောတတ်နေတဲ့ ကလေးဆိုလည်း သူ့ရဲ့အမြင်နဲ့ အဖြေကို သေချာလေးနက်စွာ နားထောင်စေချင်တယ်လို့ ဆိုပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations