အသက် (၂၆)နှစ် တရုတ် Vlogger အမျိုးသမီး He Yuhong ကတော့ လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာနဲ့ ပုံစံတူကို မိတ်ကပ်အသုံးပြုပြီး ပုံစံတူပြင်ဆင်ခဲ့ပါတယ်။
Ms. He က သူမရဲ့မိတ်ကပ်ပြင်ဆင်မှု ဗီဒီယိုကို တွစ်တာပေါ်မှာတင်ခဲ့ပါတယ်။ မိုနာလီဇာနဲ့တူအောင်ပြင်မယ်ဆိုတော့ ကြည့်ရှုသူတွေလည်း တော်တော် စိတ်ဝင်စားသွားခဲ့ပါတယ်။ တရုတ်မှ အင်တာနက်သုံးစွဲသူတွေသာမက အခြားနာမည်ကြီး ဆယ်လီတွေလည်း သူမရဲ့လက်ရာသေသပ်လွန်းတဲ့ ပြောင်းလဲမှုကို အံ့သြသွားခဲ့ရတယ်။
Daily Mail သတင်းအရ သူမရဲ့ဗီဒီယိုဟာ Miaopai မှာ ကြည့်ရှုသူအကြိမ်ရေ ၈သိန်းကျော်၊ Dou Yin မှာ သန်း၂ဝကျော်ထိရှိခဲ့ပါတယ်။
'' တုံ့ပြန်မှုတွေကတော့ တကယ့်ကို ကြက်သီးထစရာပဲ။ အားပေးမှုအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်.. ကြည့်ရှုသူတွေ ဒီလောက်များလိမ့်မယ်လို့လည်းမထင်ထားခဲ့ဘူး...အရမ်းပျော်တယ် '' လို့ Ms.He က ဆိုပါတယ်။ သူမက အခြားအနုပညာရှင်တွေနဲ့လည်း တူအောင် မိတ်ကပ်လိမ်းခြယ်ပြီးပြောင်းလဲမှုတွေ လုပ်ခဲ့ပါသေးတယ်။ အောက်မှာ ပုံရိပ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်...
Taylor Swift
Selena Gomez
Angelababy
Tilda Swinton
Facebook Conversations