တရုတ်နိုင်ငံမှ developers နှစ်ယောက် တီထွင်တာဖြစ်ပြီိး နာမည်ကတော့ ''Chinese Parents '' လို့ ခေါ်ပါတယ်

ဗီဒီယိုဂိမ်း တော်တော်များများဟာ ကျုးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားကောင်တွေနဲ့ စစ်မြေပြင်မှာ စစ်တိုက်ရတာမျိုးကို ကစားသူရဲ့ဥာဏ်ရည်နဲ့ ချိန်ထိုးတွက်ဆပြီး ဆော့ရတာဖြစ်ပါတယ်။ အခု တရုတ်နိုင်ငံမှ အသစ်တီထွင်လိုက်တဲ့ဂိမ်းကတော့ အာရှမိဘတွေရဲ့စတိုင်လ်အတိုင်း မိဘရဲ့အလိုဆန္ဒကိုပြည့်ဝအောင် ဖြည့်ပြီး စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

ဒီဂိမ်းကို တရုတ်နိုင်ငံမှ developers နှစ်ယောက် တီထွင်တာဖြစ်ပြီိး နာမည်ကတော့ ''Chinese Parents '' လို့ ခေါ်ပါတယ်။ ကစားသူဟာ တရုတ်ကောင်းလေးတစ်ယောက်ဇာတ်ကောင်နေရာက ကစားရမှာဖြစ်ပြီး ကြီးပြင်းလာတဲ့အခါ မိဘတွေကိုပြုစုစောင့်ရှောက် ရင်း အလိုဆန္ဒကိုဖြည့်ဆည်းပေးရတဲ့ ပုံစံမျိုးပါ။ 

ဂိမ်းထဲမှာ players တွေက အိမ်ရဲ့ဝေယျာဝစ္စကိစ္စတွေမှာပဲ နှစ်မြှုပ်ထားရမှာဖြစ်ပြီး တာဝန်တွေထမ်းဆောင်ကာ points တွေစုထားရမှာဖြစ်ပါတယ်။ ဒီpoints တွေက နောက်ခါကြရင် ပင်ကိုပါရမီအထုံဖြစ်တဲ့ ဥာဏ်ရည် ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ အနုပညာ Talent တွေရဲ့လုပ်ဆောင်ချက်ပေါ်မူတည်ပြီး ကွဲပြားသွားမှာဖြစ်ပါတယ်။ မတူညီတဲ့ စကေးတွေကို သင်ယူပြီး တက်မြောက်သွားတဲ့အခါ မိဘတွေဆီက ဂုဏ်ပြုခြင်းခံရပါမယ်။ 

ဖိုက်တင်း ဂိမ်းပုံစံမျိုးပဲ ဒီဇိုင်းဆွဲထားပေမယ့် မိသားစုပုံစံလေးဆိုတော့ players တွေအတွက် အတွေ့ကြုံသစ်ပေးနိုင်မယ်လို့တော့ ထင်ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations