အောင်မြင်များစွာရရှိနေပေမယ့်လည်း တစ်ခါတစ်လေ သူမရဲ့ဘဝဟာ ...

Girl Generation အဖွဲ့ဝင် Taeyeon ဟာ အခြားမိန်းကလေးအဖွဲ့ဝင်တွေနဲ့မယှဉ်နိုင်လောက်အောင် အမာခံပရိတ်သတ်အချို့ ကိုပိုင်ဆိုင်ထားပြီးသားဖြစ်ပါတယ်။ ကိုရီးယားမှာတင်မကပဲ ကမ္ဘာတစ်ဝှမ်းလုံးက ပရိတ်သတ်တွေက သူမရဲ့သီချင်းတွေ၊ ဖက်ရှင်တွေ ကိုချစ်ကြတယ်။ တကယ်တော့ ပရိတ်သတ်တွေမသိသေးတဲ့ Taeyeon ရဲ့ဘဝအစိတ်ပိုင်း အဖြစ်ပျက်လေးတွေရှိပါသေးတယ်။ ဒါတွေကို သင်ဖတ်ပြီးရင် မျက်ရည်တောင်ကျသွားနိုင်တယ်... 

Taeyeon က သူမပရိတ်သတ်တွေအပေါ် ဘယ်လောက်ချစ်တယ်ဆိုတာ Fan meeting ပွဲတိုင်းမှာ တွေ့နိုင်ပါတယ်..

Taeyeon က သူမပရိတ်သတ်တွေအပေါ် ဘယ်လောက်ချစ်တယ်ဆိုတာ Fan meeting ပွဲတိုင်းမှာ တွေ့နိုင်ပါတယ်..

Taeyeon ဟာ အေးအေးဆေးဆေးနေတတ်တဲ့ မိန်းကလေးမျိုးပါ။ သူမ အလုပ်ပြီးရင် တိတ်တဆိတ်ပဲ အနားယူပါတယ်။ ပရိတ်သတ်တွေနဲ့တွေ့ရင်တော့ မြူးထူးနေတဲ့ သူမပုံစံကြောင့် ပရိတ်သတ်တွေကလည်း ပိုအသည်းစွဲဖြစ်ရတာပါ။ 

'' ကျွန်မအောင်မြင်နေတာ ပရိတ်သတ်တွေကြောင့်ပါ။ ရှေ့ဆက်ပြီး ခြေလှမ်းတွေ အများကြီးလှမ်းနိုင်အောင် ပရိတ်သတ်တွေကပဲ အားအင်တွေပေးတာပါ။ သူတို့က ကျွန်မကို တစ်ခုခုလုပ်ပြဆိုလည်း ကျွန်မလုပ်ပြမှာပါ။ ပရိတ်သတ်တွေရဲ့ကျေးဇူးကို ကျွန်မပြန်ပေးဆပ်နိုင်တဲ့ နည်းလမ်းနဲ့ပေါ့ '' - Taeyeon 

US fan meet ပွဲမှာ မိန်းကလေးပရိတ်သတ်တွေ သူမတို့ Girl Generation အဖွဲ့ကို တွေ့ရဖို့တစ်ညလုံး မတ်တပ်ရပ်စောင့်နေကြတယ်ဆိုတာ ကြားတုန်းကလည်း Taeyeon မျက်ရည်တွေကျခဲ့ပါတယ်။ 

၂ဝ၁၃ခုနှစ်မှာ သူမအင်စတာဂရမ်အကောင့်ကို ဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပရိတ်သတ်တွေနဲ့ ရင်းနှီးမှုရချင်လို့ ဖြစ်ပါတယ်တဲ့။ ပရိတ်သတ်တွေနဲ့ ဘယ်တော့မှ အဆက်မပြတ်သွားအောင် ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ တင်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်အနည်းငယ်တွင်းမှာပဲ သူမရဲ့အင်စတာဂရမ်အကောင့်ဟာ ဆိုရှယ်မီဒီယာမှာ လွှမ်းမိုးနိုင်ဆုံး စာရင်းဝင်ခဲ့ပါတယ်။ တီဗီ အင်တာဗျူး တစ်ခုမှာ '' ဆိုရှယ်မီဒီယာက အချိန်ဖြုန်းမိတာမျိုးတော့မဖြစ်စေပါဘူး။ တစ်ကမ္ဘာလုံးက ကျွန်မပရိတ်သတ်တွေနဲ့ တွေဆုံနိုင်အောင် လုပ်ပေးတဲ့အရာပါ ...

ပို့စ်တွေ မတင်ရတဲ့အချိန် ဘာမှမရှိသလို ခံစားရတယ်။ စောင့်စားနေတဲ့ ပရိတ်သတ်တွေလည်း ဒီလိုခံစားရလိမ့်မယ်လို့ ထင်ပါတယ်။ အယ်ဘမ်ကလည်း ထင်ထားတဲ့ထက် ထုတ်လုပ်မယ့်ရက်က နောက်ကျနေတယ်။ ပရိတ်သတ်တွေ စိတ်ပျက်သွားမှာပဲကို ကျွန်မကြောက်တာပါ ''လို့ ဖြေကြားသွားပါတယ်။ 

စိတ်ဖိစီးမှုအခြေအနေတွေ အများကြီးကြုံခဲ့ရတဲ့ Taeyeon

စိတ်ဖိစီးမှုအခြေအနေတွေ အများကြီးကြုံခဲ့ရတဲ့ Taeyeon

'' ကျွန်မ အထီးမကျန်ချင်ဘူး.. ဒါပေမယ့်လည်း အထီးကျန်နေတယ် '' ဆိုတဲ့ သူမရဲ့စကားဟာ ပရိတ်သတ်တွေကို စိတ်မကောင်းဖြစ်စေခဲ့တယ်။ အဓိကကတော့ သူမဟာ အေးဆေးနေတတ်တဲ့ လူဖြစ်တာကြောင့်လည်းပါပါတယ်။ အချိန်တော်တော်များများကို တစ်ယောက်တည်းပဲကုန်ဆုံးဖြစ်တယ်လို့ မကြာခဏပြောလေ့ရှိတယ်။ တစ်ခါတစ်လေ သူမ မတတ်နိုင်ဘူး ။ အထီးကျန်တဲ့စိတ်ကြီးကြောင့် စိတ်ဓာတ်ကျချင်သလိုတောင် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

'' ဖျော်ဖြေပွဲပြီးရင် လူတွေက ကျွန်မတို့မှာ ပါတီပေးပျော်ပွဲရွှင်ပွဲတွေ ရှိကြဦးမယ်လို့ ထင်ကြတယ်.တကယ်တော့ အိမ်ပဲတန်းပြန်တာပါ။ ပင်ပန်းတော့ အနားမှာဘယ်သူမှမရှိရင် အားငယ်တယ်'' လို့ ပြောလာပါတယ်။ 

Radio Star အစီစဉ်မှာ စိတ်ဓာတ်ကျလာရင် သူမဘာတွေလုပ်လဲလို့ မေးကြည့်တော့ - 

'' ကျွန်မစိတ်ဓာတ်ကျတိုင်း နားသွားဖောက်လေ့ရှိတယ်။ နားနှစ်ဖက်ပေါင်းရင် (၆)ပေါက်လောက်ရှိပါတယ်။ အခုဆိုရင်တော့ ကျွန်မ မဝတ်တော့ဘူး။ အလုပ်လုပ်ရတာ စိတ်ဖိစီးမှုများတယ်ဆိုပေမယ့် အလုပ်မလုပ်ရင် ပိုဆိုးတယ်။ မဟုတ်တဲ့အတွေးတွေ မဝင်မိအောင် ကျွန်မတော့ အလုပ်ရှုပ်နေရတာကို ပိုသဘောကျတယ် '' 

ပရိတ်သတ်တွေကတော့ Taeyeon ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို စိုးရိမ်နေပါတယ်။ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ SHINee အဖွဲ့ဝင် Jonghyun သေဆုံးတုန်းက သူမငိုခဲ့ပါတယ်။ 

အမုန်းခံရတဲ့ ခံစားချက်ကို သူမကောင်းကောင်း နားလည်

အမုန်းခံရတဲ့ ခံစားချက်ကို သူမကောင်းကောင်း နားလည်

EXO‘s Baekhyun နဲ့ ပြတ်သွားပြီဆိုတဲ့ သတင်းထွက်လာတုန်းက ပရိတ်သတ်တွေဆီက ပြင်းထန်တဲ့ ဝေဖန်ချက်တွေကို Taeyeon ရရှိခဲ့ပါတယ်။ တစ်ချို့ ဝေဖန်ချက်တွေဟာ သူမရဲ့ခံစားချက်ကို အများကြီးဝမ်းနည်းစေပါတယ်။ '' သေလိုက် '' ဆိုတဲ့ စကားတွေရော ၊ သူမရဲ့ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး ရှုံ့ချတာတွေရော တွေ့ရပါတယ်။ သူမကို မုန်းတဲ့လူတွေ ဘယ်လောက်ပဲရှိနေပါစေ ... Taeyeon ရဲ့အနုပညာကို အခိုင်မာအားပေးနေတဲ့ သစ္စာရှိ ပရိတ်သတ်တွေ အင်အားတောင့်နေတာတွေ့ရတာ အံ့သြစရာကောင်းပါတယ်။ ဒါဟာ သူမပရိတ်သတ်တွေ ချစ်သလောက် ပြန်ချစ်ပေးခဲ့တဲ့ Taeyeon ရဲ့ သဘောထားပြည့်ဝမှုကြောင့်ပါပဲ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations