အခုခေတ်မှာတော့ အမျိုးသားများနဲ့ တန်းတူ အမျိုးသမီးတွေလည်း ရင်ဘောင်တန်းနေပြီ..

ဟိုးအရင်ခေတ်တွေတုန်းကဆို အမျိုးသမီးတွေဟာ လုပ်ချင်တဲ့အလုပ်ကို စိတ်ကြိုက်လုပ်ပိုင်ခွင့်မရှိပါဘူး။ အရာရာမှာ ယောက်ျားလေးတွေနဲ့လည်း တန်းတူအခွင့်ရေးမျိုး သူတို့မရခဲ့ဘူး။ ယောက်ျားလုပ်ရမယ့်အလုပ်က သက်သက် ၊ မိန်းမ လုပ်ရမယ့် အလုပ်က သက်သက်ဆိုပြီး ခွဲခြားသတ်မှတ်ထားကြတယ်။ အခုတော့ မိန်းမတွေလည်း ဘတ်စ်ကားတွေ၊ တက္ကစီတွေ၊ ဆောက်လုပ်ရေးအလုပ်တွေမှာလည်း ဝင်ရောက်လုပ်ကိုင်လာတာတွေ့ရတယ်။ လေယာဉ်ပိုင်းလော့မှာတောင် မိန်းကလေးတွေရှိလာပါပြီ။ 

Shanika Silverio ဆိုတဲ့ မိန်းကလေးကတော့ အရင်တုန်းက ယောက်ျားတွေသာ လုပ်နိုင်တဲ့အလုပ်တစ်ခုကို အမျိုးသမီးတွေလည်း လုပ်နိုင်တယ်ဆိုတာကို သက်သေပြလိုက်ပါပြီ။ သူတို့လည်း အကောင်းဆုံးလုပ်နိုင်တယ်ဆိုတာပေါ့။ Airlink လေကြောင်း တက္ကသိုလ်ကနေ aircraft operations and aviation ဘွဲ့ရရှိပြီး အခုဆို အမျိုးသမီး လေယာဉ်ပိုင်းလော့တောင်ဖြစ်နေပါပြီ။ 

သူမရဲ့ရုပ်ရည်နဲ့ဆို အလွယ်လေး မော်ဒယ်တစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လှပတဲ့ရုပ်ရှည်နဲ့ ဒီထက်ပိုကောင်းတဲ့ အလုပ်တစ်ခုကို သူမပိုပြီးခုံမင်မက်မောခဲ့တယ်။ ဆိုရှယ်မီဒီယာမှာ သူဓာတ်ပုံတွေ ၊ ဗီဒီယိုတက်လာပြီးနောက် ချက်ချင်းကို အောင်မြင်တဲ့ အမျိုးသမီး ပိုင်းလော့တစ်ယောက်ဖြစ်လာခဲ့တယ်။ သူမရဲ့အလှနဲ့ ပညာအရည်ချင်းကြောင့် တစ်ချိန်တည်းမှာပဲ အင်တာနက်သုံးစွဲသူများရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။ 

အခုခေတ်မှာ မိန်းကလေးတွေ ယောက်ျားလေးတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်အောင် အိပ်မက်တွေအကောင်ထည်ဖော်ဖို့ ကြိုးစားနေကြတာတွေ့ရပါတယ်။ ဒါဟာ အမျိုးသမီးများအတွက် အားတက်စရာ လက္ခဏာတစ်ခုပါပဲ။ 

Shanika လိုပဲ အခြား အမျိုးသမီး လေယာဉ်ပိုင်းလော့တွေလည်း ရှိပါသေးတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေလည်း Shanika တို့ကိုကြည့်ပြီး အများကြီးအတုယူနိုင်ပါစေ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations