Casserole ကို အမျိုးမျိုးလုပ်စားကြပါတယ်။ Casserole ဆိုတာ ပြင်သစ်ဘာသာစကားမှ ဆင်းသက်လာတာဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့ မှာတော့ ကြက်သား၊ တူနာနဲ့ မျိုးစုံသော အသီးရွက်တွေအသုံးပြုပြီး ဆန် ၊ ဂျုံမှုန့် ၊ အာလူး နဲ့ ပါစတာတို့ကိုရောစပ်ပြီး ချက်ပြုတ်ကြပါတယ်။ ဒီတစ်ခါတော့ Casserole ကို ဝက်ပေါင်ခြောက်နဲ့ ပါစတာရောပြီးပြုလုပ်ပုံကို ဖော်ပြပေးသွားမှာပါ။
ပါဝင်ပစ္စည်း
- ပါစတာ ၁၅ဝ ဂရမ်
- ဝက်ပေါင်ခြောက် ၂ဝဝဂရမ်
- ထောပတ် လက်ဖက်ရည်ဇွန်း(၄)ဇွန်း
- ကြက်ဥ ၃လုံး
- ပဲလုံးစိမ်း ၂ဝဝဂရမ်
- ချိစ် ၁၅ဝ ဂရမ်
- ကြက်သွန်ဖြူ တစ်လုံး
- ဆား နဲ့ ငရုတ်ကောင်းမှုန့်
လုပ်နည်း
၁.) ပါစတာကို ရေနွေးထဲထည့်ပြုတ်၊ ပြုတ်လို့ပြီးရင် ထောပတ်နဲ့ရောနယ်ထား ။
၂.)၀က်ပေါင်ခြောက်ကို ပါးပါးလှီးပြီး ကြက်သွန်ဖြူနဲ့ကြော်
၃.) ကြက်ဥကို ဒိန်ချဉ် ၊ ချိစ် နဲ့ရောမွှေ
၎.) ပြီးရင် ပါစတာနဲ့ ပဲလုံးစိမ်းတို့ကို ထပ်ရော ၊ ဝက်ပေါင်ခြောက်ကိုတော့ ခွက်တစ်ခုတည်းထည့်ထားပြီး ပုံဖော်ပါ။
၅.) ပါဝင်ပစ္စည်းအားလုံးကိုရောစပ်ပြီး အပေါ်က ချိစ်အမွှလေးတွေဖြူးပြီးရင် ၁၅မိနစ်လောက်ပေါင်းထားပါ။ ကဲ... အရသာရှိတဲ့ Casserole လေးကို သင်စားသုံးနိုင်ပါပြီ။ လုပ်ပုံလုပ်နည်း ဗီဒီယိုလေးလည်း ဖော်ပြပေးလိုက်တယ်နော်။
Facebook Conversations