ကိုယ့်ကိုကိုယ် (၅)လအတွင်း သူမ ဘယ်လိုပြောင်းလဲခဲ့တာလဲ..

Angel Raighn Flores ဟာ အရင်တုန်းက သူမအလေးချိန် ၈၅ကီလိုဂရမ်ရှိပါတယ်။ ဒါဟာ အိုဗာ​၀ိတ်ဖြစ်နေပြီဆိုတာ သူမကောင်းကောင်းသိပါတယ်။ အခြားဖက်တီးမလေးတွေလည်း ရှိတာပဲဆိုပြီး သူမလက်မလျော့လိုက်ပါဘူး။ ကိုယ်ဝတ်ချင်တဲ့ အဝတ်စား၊ ဘယ်သွားသွား ၊ ဘာလုပ်လုပ်ယုံကြည်မှုအပြည့်ရှိနိုင်မို့ သူမဝိတ်ချလိုက်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

၅လအတွင်းမှာ သူမ ၅၆ကီလိုဂရမ်ချနိုင်အောင် ကြိုးစားခဲ့တယ်။ ဒါကတော့ များသွားပြီလေ။ အားလုံးလည်း မျက်လုံးပြူးသွားတယ်။ ဖြစ်နိုင်ပါ့မလားပေါ့။ သူမက ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ သူမရဲ့ပြောင်းလဲမှုကိုကြည့်ပြီး အင်တာနက်သုံးစွဲသူများလည်း အံ့အားသင့်ခဲ့ရတယ်။ သူမရဲ့လျှို့ ဝှက်ချက်က ဘာလဲ? ဘယ်လိုများ သူမဝိတ်လျော့ခဲ့တာလဲ ? 

Angel ကိုယ်တိုင် သူမရဲ့အံ့သြစရာပြောင်းလဲမှုရဲ့ လျှို့ ဝှက်ချက်ကို ဖေ့စ်ဘုတ်မှာ မျှဝေခဲ့ပါတယ်။ စိတ်သာ သေချာပိုင်းဖြတ်ပြီးသွားရင် မဖြစ်နိုင်စရာ ဘာမှမရှိဘူးလို့လည်း သူမကပြောခဲ့ပါတယ်။ 

အရင်က Angel ဟာ သောက်ဆေးတွေ နဲ့ အခြား diet မျိုးစုံကို စမ်းသပ်ခဲ့ဖူးပါတယ်။ ဘာမှမထူးခြားလာခဲ့ဘူး။ သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကတော့ အမြဲအားပေးခဲ့တယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း အကူညီပေးတယ်။ သူမက တစ်သက်လုံးတော့ ဒီလိုပဲမနေသွားချင်ဘူး။ သူများမိန်းကလေးတွေလိုလည်း လှတပတလေးတွေ ဝတ်ဆင်ချင်သေးတယ်ဆိုတဲ့ စိတ်နဲ့ ရအောင် ဝိတ်ချဖို့ကြိုးစားခဲ့တယ်။ 

ဝိတ်ချဖို့လမ်းစဉ်တွေထဲမှာတော့ အဓိကအရေးကြီးတာက အစားသောက်ရှောင်ဖို့ပါပဲ။ လေ့ကျင့်ခန်းတွေ အပြင်းထန်လုပ်ပြီး အစားသောက်မရှောင်လည်းအလကားပါ။ အအေးတွေ၊ ဆီကြော်စာတွေကို အဓိကရှောင်ပါတယ်။ရေများများသောက်တယ်။ ညနေ ၆ကျော်တာနဲ့ဘာမှမစားဘူး။ မနက်ကနေ ညနေ ၆ထိ အဆီစိမ့်နည်းတဲ့ အစားသောက်တွေ၊ အဓိက ခန္ဓာကိုယ်အတွက် အာဟာရဖြစ်မယ့် အစားစာတွေနဲ့ပဲ တင်းခံပြီးနေပါတယ်။ 

အစပိုင်းမှာ အတော်ဆိုးပါတယ်တဲ့။ အမြဲတမ်း ညနေစာမပျက်စားခဲ့တဲ့သူက ရုတ်တရက်ရှောင်လိုက်ချိန်မှာ ဗိုက်တွေအရမ်းဆာတယ်။ အခြားဟာတွေနဲ့အစားထိုးပြီး နေလည်းအဆင်မပြေဘူး။ ဆာတာပါပဲတဲ့။ အသားမကျသေးတဲ့အရာတစ်ခုကို လုပ်ဖို့ဆိုတာ အချိန်တော့ပေးရတယ်မလား။ တစ်ပတ်လောက်မစားပဲနေတော့ သူမတော်တော် နေနိုင်သွားတာတွေ့ရတယ်။ 

မနက်ဆိုလည်း Gym ပုံမှန်သွားဆော့တယ်။ ပုံမှန်လေ့ကျင့်ခန်းနဲ့ အစားရှောင်တာကို အဓိကအားစိုက်လိုက်တော့ ၅လအတွင်းမှာတင် သူမရဲ့ခန္ဓာကိုယ် တော်တော်လှလာတယ်။ အဓိကကတော့ စိတ်ပါပဲ။ စိတ်ဆန္ဒသာ ပြင်းထန်ရင် ဘာမဆိုဖြစ်တယ်ဆိုတာ Angelကတော့သက်သေပြသွားပြီ။ ကဲ... သင်တို့ရော ? 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations