ဒီလိုသာ အနိုင်မကျင့်ခံရရင် သူမလည်း ဒီလောက်ပြောင်းလဲနိုင်မှာမဟုတ်ပါဘူးတဲ့..

ကျောင်းမှာ ငယ်ငယ်လေးတည်းက အကြောင်းရင်းမဲ့စွာ အနိုင်ကျင်ခံခဲ့ရတဲ့ မိန်းကလေး တစ်နေ့မှာ ဒီလောက်ပြောင်းလဲပြီး လူတကာ ငေးကြည့်ရလောက်အောင် လှလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ ။ မျက်မှန်ကြီးနဲ့ ဝဝဖိုင့်ဖိုင့်မိန်းကလေး စာကြမ်းပိုးလို့ ပြောခံရတာ တစ်မျိုး ၊ body shaming လုပ်ခံရတာနဲ့ ကျောင်းသူဘဝကို အားတင်းကျော်ဖြတ်ခဲ့တဲ့ သူလေးကတော့ Joanna Joseph ဖြစ်ပါတယ်။ 

သူမက စားနေရရင် ပျော်တယ်။ မိသားစုကလည်း ကောင်းကောင်းမွန်မွန် ကျွေးမွေးထားနိုင်ပါတယ်။ သူမ ငယ်စဉ်ကထဲ ဖြစ်ချင်တာအကုန် မိဘတွေက ဖြည့်ဆည်းပေးပါတယ်။ ဒီလောက်အလိုလိုက်ခံရတဲ့ ကလေး အတန်းထဲမှာ အဝဆုံးလေးဖြစ်နေတာ မဆန်းပါဘူး။ အသက်(၇)နှစ်နဲ့ အလေးချိန်က ၆ဝကီလိုဂရမ်ကျော်နေပြီ။ အရွယ်ရောက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အလေးချိန်နဲ့ အညီအမျှပဲလို့ ပြောလို့ရတယ်။ 

တစ်နေ့ ထမင်းတစ်နပ်မှာ ထမင်း၅ပန်းကန် စားသတဲ့။ အသက် ၁၃နှစ်မှာ အလေးချိန်က ၁၀၄ကီလိုဂရမ်။ အထက်တန်းကျောင်းမှာ ပြင်းထန်တဲ့ အနိုင်ကျင့်စော်ကားမှုတွေ ဒီကလေး ခံခဲ့ရတယ်။ ဒီလိုဖြစ်နေတာကို သူငယ်ချင်းတွေကိုလည်း အကူညီတောင်းမရသလို၊ ဆရာမတွေ သွားတိုင်တော့လည်း ထိရောက်တဲ့နည်းလမ်းတွေ မသုံးခဲ့ဘူးလို့ သိရပါတယ်။ 

အသက် ၁၅နှစ်ရောက်တော့ သူမစိတ်ကို ပိုင်းဖြတ်လိုက်ပြီး ဒါတွေကို တစ်နေ့အနိုင်ယူပြမယ်လို့ ကြိမ်းဝါးလိုက်တယ်။ သူမရဲ့ ဆယ်လီ ခရက်ရှ်ဖြစ်တဲ့ ဂျက်စတင် ဘီဘာဆီက စိတ်ဓာတ်ခွန်အားတွေ အများကြီး ရယူခဲ့တယ်။ 

ဂျက်စတင် ဘီဘာက သူမရဲ့အသွင်ပြင်ကို အများကြီးပြောင်းလဲသွားအောင် လုပ်ပေးနိုင်ခဲ့သူပါလို့လည်း သူမက ပြောပြထားပါတယ်။ 

ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားစာတွေကို လုံးဝမစားတော့ဘူး။ အသီးရွက်တွေကို များများပိုစားလာတယ်။ လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်ခဲ့တယ်။ မလေးရှား မယ် စာရင်းထဲသူမ ပါလာတော့မှ အများကြီးပြောင်းလဲသွားတယ်ဆိုတာ အထက်တန်းကျောင်းမှာ အနိုင်ကျင့်ခဲ့သူတွေလည်း ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတယ်။ ဘယ်သူမှ မထင်မှတ်ထားတဲ့ လူတစ်ယောက်ဟာ မထင်မှတ်ထားတဲ့အရာတစ်ခုကို လုပ်ပြနိုင်တယ်ဆိုတာ သူမကသက်သေပြခဲ့ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations