ဆုတောင်းများကောင်းခဲ့လေသလား.. ဆံပင်တွေနက်မှောင် သန်စွမ်းချက်ကတော့

အခုတလော အင်တာနက်အသုံးပြုသူများရဲ့အသည်းနှလုံးကို လှုပ်ကိုင်ထားသူလေးကတော့ ဂျပန်နိုင်ငံမှာနေထိုင်ပြီး အသက်က ၆လပဲရှိပါသေးတယ်။ ချစ်စရာကောင်းတဲ့ ဘေဘီ Chanco လေးဟာ ဆိုရှယ်မီဒီယာမှာ သူမဓာတ်ပုံလေးကို အမေဖြစ်သူကတင်ပြီးနောက် ရုတ်တရက်ဆိုသလို နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

Chanco လေးက မွေးတည်းက ဆံပင်တွေအများကြီးနဲ့ မွေးဖွားလာသူလေးဖြစ်ပါတယ်။ ပုံမှန်ကလေးတွေထက် Chanco လေးရဲ့ဆံပင်က ပိုသန်ပြီး နက်မှောင်နေခဲ့တယ်။ 

အသက် ၆လပြည့်တော့ မြင်သူတကာ မချစ်ရမနေနိုင်လောက်တဲ့ မျက်နှာလေးနဲ့ အတော်ထူတဲ့ဆံပင်ကြောင့် Chanco လေးကို ဆိုရှယ်မီဒီယာမှာ follow ထားတဲ့လူတွေ မနည်းတော့ဘူး။ 

အခုဆို အင်စတာဂရမ်မှာ followers ပေါင်း ၇၈ဝဝဝကျော် ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ အမေကလည်း သူမရဲ့ဆံပင်လေးကို အမြဲတမ်းဂရုတစိုက်နဲ့ ပြုပြင်ပေးပါတယ်။ ချစ်စရာကောင်းတဲ့ကလစ်လေးတွေ၊ ခေါင်းပတ်လေးတွေ၊ ဘီးကုတ်လေးတွေလည်း ဓာတ်ပုံရိုက်ရင် ပန်ပေးလိမ့်ရှိတယ်။ Chanco ရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေ ဖော်ပြပေးလိုက်တယ်နော်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations