အရမ်းပေါ့ပေါ့ပါးပါးရှိတဲ့ မိသားစုလေး ...

အမည်မသိ လင်မယားနှစ်ယောက် Las Vegas သို့ အလည်ပတ်ခရီးရောက်နေစဉ် သမီးဖြစ်သူမွေးနေ့အတွက်ဆိုပြီး ဆုတောင်းဗီဒီယိုလေးပို့ပေးခဲ့တာပါတယ်။ ဗီဒီယိုက ရိုးရိုးတော့မဟုတ်ဘူး။ နှစ်ယောက်လုံးမူးနေပြီး အိပ်ယာပေါ်လှဲကာ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ 

ဒီလိုခေတ်မှာ အတူတူ ပါတီတက်၊ သောက်စားပျော်ပါးတတ်တဲ့ လင်မယားမျိုးတော့ ရှားသွားပါပြီ။ တကယ်ကို ပေါ့ပါးပြီး ရယ်စရာလည်းကောင်းသလို ၊ ချစ်ဖို့လည်းကောင်းတဲ့ လင်မယားပါ။ သားသမီးကတော့ သုံးယောက်ရှိပါတယ်။ မိသားစုမှာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပြီး ပွင့်လင်းမှုလည်း ရှိတယ်။ သူငယ်ချင်းတွေလိုပဲ...ကလေးတွေ ဘာလုပ်လုပ် မိဘတွေအကုန်သိသတဲ့ ။

ဒါပေမယ့် သူတို့လင်မယားက အမြဲတမ်း မူးရူးနေတာတော့ မဟုတ်ပါဘူးတဲ့နော်။ ဗီဒီယိုလေးတင်ပြီးနောက်မှ Lew တို့ရဲ့မိသားစုလေးဟာ အင်တာနက်အသုံးပြုသူများ အားကျရတဲ့ မိသားစုတစ်ခုဖြစ်လာပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations