ကြည်နူးစရာကောင်းတဲ့ မေမေနဲ့ သမီး

အလုပ်ကနေအနားယူလိုက်ပြီဖြစ်တဲ့ လေယာဉ်မယ် မေမေကိုတင်ပြီး လေယာဉ်ကို ကိုယ်တိုင်မောင်းခဲ့တဲ့သမီးဖြစ်သူ Ashrrita Chinchankar က ဒီအကြောင်းလေးကို တွစ်တာမှာတင်ခဲ့ပါတယ်။ သူမအမေက အရင်တုန်းကလေယာဉ်မယ်တစ်ယောက်ဖြစ်ခဲ့ပြီး သူမကတော့ အခုဆို လေယာဉ်ပိုင်းလော့ဖြစ်နေပါပြီ။ 

သူမ မောင်းတဲ့လေယာဉ်ကိုစီးချင်တာ အမေဖြစ်သူ Pooja Chinchankarရဲ့ဆန္ဒဖြစ်တဲ့အတွက် နောက်ဆုံးတော့ ဒီအိပ်မက်ကို အကောင်ထည်ဖော်နိုင်ခဲ့လေပြီ။ သူမတို့လေယာဉ်ဟာ Mumbai ကနေ Bengaluru ကိုသွားတာဖြစ်ပါတယ်။ 

Pooja ရဲ့လေယာဉ်မယ် သက်တမ်းဟာ ၃၈နှစ်ရှိပါတယ်။ အမေရဲ့ခြေရာကိုလိုက်ခဲ့ပေမယ့် သူမကထူးချွန်ပြီး ပိုင်းလော့ဖြစ်သွားခဲ့တယ်။ အမေနဲ့သမီးရဲ့ ကြည်နူးစရာမြင်ကွင်းလေးကြောင့် တွစ်တာမှာ အချိန်ခဏအတွင်း နာမည်ကြီးသွားခဲ့ပါတယ်။ 

Ashrrita က လအနည်းငယ်ကြာ ခရီးသွားရဦးမှာမို့ မသွားခင်လေး အမေဖြစ်သူဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။ Air India ကလည်း ဒီအမေနဲ့ သမီးအတွက် ချီးကျူး ဂုဏ်ပြုစကားလေးတွေပြောခဲ့ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations