ကလေးရယ်.. ချွဲနေလိုက်တာများ

 ဗီဒီယို အစပိုင်းမှာ Kani ဆိုတဲ့ ၄နှစ်သားလေးက သူ့ကိုထားပြီး အလုပ်မသွားပါနဲ့ဆိုပြီး မေမေကို ချွဲနေတာတွေ့ရတယ်။ မျက်ရည်လေးတွေ ဝဲပြီး သူ့အမေကို ပြောနေတာ နောက်ဆုံးပိုင်းမှာတော့ ကြည့်ရှုသူများရဲ့အသည်းနှလုံးကို အရည်ပျော်သွားစေလေရဲ့။ 

ဗီဒီယိုကို Kani ရဲ့မေမေ Tae The Kavarin က ရိုက်ပြီး သူမအကောင့်မှာတင်ထားတာဖြစ်ပါတယ်။ ကလေးကို ကျောင်းကနေသွားကြိုပြီး ကားပေါ်မှာ စကားအပြန်လှန်ပြောထားတာလေးတွေကို record လုပ်ထားတာပါ။ 

'' မေမေ အလုပ်မသွားနဲ့ '' လို့ Kani ကပြောတယ်။ '' သွားရမှာပေါ့.. အလုပ်မလုပ်ရင် ဘယ်ဖြစ်မလဲသားရဲ့'' လို့ မေမေက ပြန်ပြောတော့ '' ဟင့်အင်း... မေမေ့ကို အလုပ်မသွားစေချင်ဘူး '' တဲ့ 

'' ဒါဆို ဘယ်သူ အလုပ်သွားမလဲ '' မေးတော့ ဖေဖေသွားလိမ့်မယ်။ မေမေက အိမ်မှာပဲ အိပ်ရမယ်၊ စားရမယ် တဲ့။ ဘာလို့ မေမေက အိမ်မှာပဲ နေရမှာလဲ လို့ပြန်ပြောတော့ သူ့ရဲ့နှလုံးသားက မေမေ့ဆီမှာတဲ့လေ။ 

ဘယ်သူ့နှလုံးသားလဲဆိုတော့ ... သားသား နှလုံးသား Kaniရဲ့ နှလုံးသား ဆိုပြီး သူ့ရဲ့ရင်ဘတ်လေးကို ပုတ်ပြီး ပြန်ဖြေတယ်။ 

'' မေမေ့နှလုံးသားက သားထဲမှာ'' လို့ပြောပြောပြီး မျက်ရည်ကလည်းကျ ။ ချစ်ဖို့ကောင်းလိုက်တာ။ မေမေက သူ့ကိုမျက်ရည်တွေသုတ်ပေးတော့ သူ့ဘာသာ မျက်ရည်တွေဖယ်ပြီး ကင်မရာကို ရယ်ပြလေရော။ ကြည့်ရှုသူ ၆.၂ မီလီလျံကျော်သွားပြီး ရှယ်ပေါင်း ၆သောင်းကျော်သွားခဲ့ပါတယ်။ ကလေးတွေများ ဖြူစင်လိုက်တာ ... 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations