အချစ်အတွက်ဆို ဓါးတောင်ကို တက်ရ တက်ရ... မီးပင်လယ်ကိုဖြတ်ရ ဖြတ်ရ...

ဖိလစ်ပိုင်နိုင်ငံက ဘုရားကျောင်းတစ်ခုမှာ ရေတွေကြီးနေပေမယ့်လည်း အပြုံးမပျက်ပဲ မင်္ဂလာဆောင်ခဲ့တဲ့စုံတွဲတစ်တွဲ ဖေ့စ်ဘုတ်ပေါ်မှာတော့ အတော်လေးဟော့နေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က Bulacan ဒေသရှိ Hagonoy မြို့ မှာ ဒီမင်္ဂလာပွဲလေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။ 

သူတို့စုံတွဲလေးဟာ တွဲလာတာ ၇နှစ်ကြာပြီဖြစ်ပြီး မင်္ဂလာဆောင်မယ့်နေ့မှာ မုန်တိုင်းကြောင့် မိုးတွေက အဆက်မပြတ်ရွာသွန်းနေခဲ့တယ်။ Bualacan ဒေသတော်တော်များများရှိ နေရာတွေရေဖုံးလွှမ်းသွားခဲ့ပြီး ၂၄နှစ် သတို့သမီးက ရေတွေကြီးနေလည်း ရအောင်ဆောင်မယ်လို့ ဆိုကာ အဖြူရောင်ဂါဝန်ကို မ ၊ မျက်နှာက ပြုံးပျော်ရွှင်ရင်း ဘုရားကျောင်းထဲသို့ ဝင်လာခဲ့ပါတယ်။ 

'' မိုးရွာရွာ ၊ ရေကြီးကြီး ကျွန်မကို ဘယ်အရာမှ တားဆီးလို့မရပါဘူး။ ဘဝမှာ တစ်ကြိမ်တစ်ခါပဲ လက်ထပ်ရတာ။  ကျွန်မချစ်တဲ့ ယောက်ျားကို ဒီနေ့တစ်ရက်ပဲ လက်ထပ်ရမှာပါ။ ရေတွေကြောင့် ကျွန်မဂါဝန်ကြီး လေးပြီး လမ်းလျှောက်ရခက်ပေမယ့် အရမ်းပျော်တယ် '' လို့ သူမက ပြောခဲ့ပါတယ်။ 

သူတို့မင်္ဂလာဆောင်မယ့်နေ့မှာ ရာသီဥတုဆိုးရွားလိမ့်မယ်လို့ မထင်ထားပေမယ့် တကယ်တမ်း အခက်ခဲကြုံလာတော့လည်း မင်္ဂလာပွဲကို ဆက်ပြီကျင်းပခဲ့ပါတယ်။ အောင်မြင်စွာပြီးဆုံးသွားတဲ့အတွက် ဝမ်းသာတယ်။ လုံးဝလည်း နောင်တမရဘူးလို့ ဆိုပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations