ဗီဒီယိုလေးက စုံတွဲတွေအတွက်တော့ တကယ်ကို ထိရှ

ထိုင်း short flim လေးကတော့ လူတွေကို မျက်ရည်ဝဲအောင် လုပ်လိုက်ပြန်ပါပြီ။ ချစ်တဲ့သူတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အခါ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ခံစားနေရသလို ရင်ထဲထိရှအောင် ရိုက်ကူးနိုင်တဲ့ ထိုင်းလက်ရာလေးပါပဲ။ 

ဗီဒီယိုက ၁၁မိနစ်ကြာပါတယ်။ နာမည်လေးက '' The Only One'' တဲ့။၂​ဝ၁၆တုန်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ The 1 Card က ၁ဝနှစ်ပြည့်အထိမ်းမှတ်အနေနဲ့ ဒီ short flim လေးကို အွန်လိုင်းပေါ်တင်ခဲ့တာပါ။ သာမန်စုံတွဲ တစ်တွဲရဲ့ဇာတ်လမ်းလေးကို ပုံဖော်ထားတာဖြစ်ပြီး ရုတ်တရက် ကောင်လေး သေသွားတဲ့အခါ ကောင်မလေးရဲ့ဆုံးရှုံးမှုကို ဝမ်းနည်းကြေကွဲစရာကောင်းအောင် ရိုက်ပြသွားတာဖြစ်ပါတယ်။ 

ကောင်လေး သေဆုံးပြီးနောက် ကောင်မလေး ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ပြီး နေထိုင်ခဲ့လဲဆိုတာကို တွေ့မြင်ရမှာပါ။ သူတို့စုံတွဲလေးဟာ အရမ်းမပြည့်စုံပေမယ့်လည်း သူတို့အတူတူ ပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ်။ ဒီမှာတွေ့ရတာကတော့ ယောက်ျ်ားလေးတွေရဲ့ထုံးစံအတိုင်း ချစ်သူအပေါ် တစ်ခါတစ်လေ ဂရုမစိုက်တာတို့ ၊ Anniversary နေ့တွေ မမှတ်မိတာတို့ရှိလာတယ်။ ဒါပေမယ့်လည်း ကောင်မလေးက သည်းခံခဲ့ပါတယ်။ 

တစ်ခါတစ်လေ ကောင်လေးရဲ့အူကြောင်ကြောင် အပြုမူတွေက ကောင်မလေးအတွက် အပြစ်မမြင်နိုင်ခဲ့ပါဘူး။ တစ်ေန့မှာ သူ့ရဲ့Laptop ထဲဝင်ကြည့်တဲ့အချိန် အခြားကောင်မလေးနဲ့ ဖောက်ပြန်နေတာကို သူမတွေ့ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီကောင်မလေးကို သူလမ်းခွဲလိုက်တာပါ။ အခု Vaew ကို လက်ထပ်ခွင့်တောင်းတော့မယ်လို့ ပြောတဲ့အချိန် ဘယ်ချိန်တုန်းက လက်ထပ်ခွင့်တောင်းလိုက်တာလဲ သူမ ပြန်စဉ်းစားချိန်... တကယ့်ကိုကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်ပါပဲ... 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations