ဘယ်လိုအခြေအနေ ရောက်ရောက် မခွဲခွာသွားမယ့်လူမျိုးဆိုတာ....

ကိုယ်ချစ်တဲ့သူနဲ့ အချိန်ဘယ်လောက်ထိ အတူတူနေနိုင်မယ်လို့ ထင်လဲ? လူတွေဟာ လက်ထပ်ပြီးသွားရင် ဒီလူနဲ့ပဲ သက်ဆုံးတိုင် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ပေါင်းသင်းနေထိုင်သွားပါ့မယ်လို့ ကတိသစ္စာတွေပြုကြတယ်။ အချိန်ပေါင်းများစွာ တစ်ယောက်အပေါ် တစ်ယောက် သည်းခံနိုင်မှုအတိုင်းတာရှိရဲ့လားလို့ အစမ်းသပ်ခံရပါတယ်။ ချစ်တဲ့သူနဲ့ ပေါင်းသင်းနေထိုင်တယ်ဆိုတာလည်း လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် ချစ်တဲ့စိတ်က လူသားတွေကို ပြောင်းလဲစေနိုင်တယ်။ 

San Fernando, Pampanga က လမ်းမတစ်ခုပေါ်က အဖြစ်ပျက်လေးဟာ အတုယူစရာပါ။ ကိုယ်ကျိုးစွန့်ပြီး ချစ်တဲ့သူအပေါ်ထားတဲ့ သူမရဲ့စိတ်ဓာတ်လေးပဲဖြစ်ပါတယ်။ Metropolitan Cathedral Center အပြင်ဘက်မှာ ၄နှစ်ကြာနေထိုင်နေတဲ့ လင်မယားရှိတယ်။ မီးလောင်မှုကြောင့် သူတို့အိမ်ဆုံးရှုံးလိုက်ရပြီးအခုတော့ အိမ်ယာမဲ့ဘဝနဲ့ အပြင်မှာ ရုန်းကုန်နေထိုင်ရတာပါ။ 

အမျိုးသားဟာ ဆီးချိုရောဂါခံစားနေရသူဖြစ်ပါတယ်။ အခြေအနေက ပိုပိုဆိုးလာလို့ အိပ်ရာပေါ်မှာပဲ လှဲနေရတဲ့ထိပါပဲ။ လူနာတစ်ယောက်ရှိရင် မိသားစုဝင်တွေအားလုံး အနားမနေရဘူးဆိုတာ လူနာစောင့်ရှောက်ဖူးတဲ့ လူပဲသိမှာပါ။ အပြင်မှာ ဒီတိုင်းနေနေရတယ် ဆိုတည်းက သူတို့အနေနဲ့ ဒီရောဂါအတွက်ဆေးကုသစရိတ် မတတ်နိုင်ဘူးဆိုတာ သိသာပါတယ်။ 

မိန်းမဖြစ်သူက ယောက်ျားကို လိုအပ်တာ မှန်သမျှလုပ်ပေးပြီး မငြီးငြူပဲ ပြုစုစောင့်ရှောက်ပေးရှာပါတယ်။သူမ အမျိုးသားက ရောဂါအရှိန်ကြောင့် ဝိတ်မတရားကျပြီး ပိန်လှီနေပါပြီ။ ဒီလောက် အခက်ခဲကြုံနေရတာတောင် သူမယောက်ျားကို မထားသွားခဲ့ဘူး။ အနားမှာပဲနေပေးပြီး ပင်ပန်းလည်း မျက်နှာတစ်ချက်မညှိုးပါဘူး။ ဘယ်လောက်ထိ သူမအမျိုးသားအပေါ် ချစ်ခြင်းမေတ္တာ ကြီးမားလဲဆိုတာ တွေ့နိုင်ပါတယ်။ သူတို့အဖြစ်ကို အင်တာနက်အသုံးပြုသူတွေလည်း တွေ့သွားပြီဆိုတော့ ကူညီနိုင်မယ့်လူတွေ ရှိလာရင်တော့ ကောင်းမှာပါ။ သူတို့ကြည့်ပြီး အချစ်စစ်ဆိုတာ ဒါမျိုးပါလားလို့ နားလည်သွားတော့တယ်.. 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations