သူ့ကြည့်ပြီး အသည်းယားတာ....

သူ့ကို သိကြဦးမယ်ထင်ပါတယ်။ ဂျပန်နိုင်ငံက Kazuhisa Uekusa ဟာ “Britain’s Got Talent” မှာအကောင်းဆုံးဖျော်ဖြေတင်ဆက်မှုနဲ့ ပရိတ်သတ် အားပေးမှုကို တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။ အရင်ကလည်း သူ့ရဲ့ပြကွက်တွေနဲ့ ပရိတ်သတ်တွေကို ပါးစပ်အဟောင်းသားဖြစ်အောင် လုပ်ခဲ့ပြီး အခုလည်း အဆန်းကြီးတွေ ထလုပ်ပြန်ပါပြီ။ 

လတ်တလော နာမည်ကြီးလာတဲ့ ဗီဒီယိုထဲမှာတော့ အဝတ်ပါးလေးတစ်ထည်ကိုကြိုးနဲ့ချည်ပြီး သူ့ရဲ့နို့သီးခေါင်းမှာ ညှပ်နဲ့ ညှပ် ၊ ပြီးရင် အုတ်တွေအပေါ်မှာ တင်ထားတဲ့ ဝိုင်ခွက်ကို ပြုတ်မကျအောင်လုပ်ပြသွားတာဖြစ်ပါတယ်။ 

ကိုယ်တွေမှာ ကြည့်ပြီးအသည်းယားနေရတာ။ သူကတော့ အသာယာလေးလုပ်ပြသွားတာပါပဲ။ သူ့ရဲ့ဟန်ချက်ညီအောင်ထိန်းနိုင်တဲ့ အစွမ်းကတော့ တကယ်လေးစားစရာပါ။ ဒါကြောင့်လည်း နာမည်ကြီးနေတာကို။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations