၂ဝ၁၈ရဲ့ဝင်ငွေအကောင်းဆုံး ဇာတ်ကားလေး

ဂျပန် ဒါရိုက်တာ Mamoru Hosoda ရိုက်ကူးထားတဲ့ Anime ရုပ်ရှင်လေး Mirai ဟာ “Best Animated Feature Oscar”အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ 

Hosoda ဟာ ''Mirai'' ရုပ်ရှင်နဲ့ ပရိသတ်တွေအားပေးမှုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ The Wind Rises ၊ The Tale of the Princess Kaguya နဲ့ When Marnie Was There ဇာတ်ကားတို့ဟာလည်း ပရိတ်သတ်ရင်ထဲကို အများဆုံးထိုးဖောက်နိုင်ခဲ့ပါတယ်။ 

'Mirai' ဟာ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကထွက်ရှိခဲ့ပါတယ်။ ယူအက်စ်မှာတော့ နိုဝင်ဘာလမှာ ပြသခဲ့ပါတယ်။ ဒီဇာတ်ကားလေးဟာ Rotten Tomatoes မှာ 92% rating ရရှိထားပါတယ်။ 

Kun ဆိုတဲ့ကောင်လေးဟာ သူ့မှာ ညီမလေးတစ်ယောက်ထပ်တိုးလာတော့ မိသားစုထဲ အမေ့ခံတစ်ယောက်လို ခံစားလာရတယ်။ အိမ်နဲ့ဝေးရာကို ပြေးသွားတယ်။ မှော်ဆန်တဲ့ပန်းခြံတစ်ခုထဲရောက်သွားအခါ အချိန်ခရီးသွားလို့ရတယ်ဆိုတာ သူသိသွားတယ်။ အဲ့ဒီအချိန်ကစပြီး Kun ရဲ့ဘဝတစ်ခုလုံး ပြောင်းလဲသွားတာပါပဲ။ 

Box Office မှာ 27 million USD ထိရရှိခဲ့ပါတယ်။ ၂ဝ၁၈ရဲ့ဝင်ငွေအကောင်းဆုံး ဂျပန်ကာတွန်းဇာတ်ကားလေးပါ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations