လိုချင်နေပါပြီ

ကိုရီးယား makeup brand တစ်ခုဖြစ်တဲ့ Etude House ကနေ eye shadow အသစ်လေးကို Kit Kat ဘူးပုံစံလေးနဲ့ ထုတ်လိုက်လိုက်တာဖြစ်ပါတယ်။ Etude House ရဲ့ပစ္စည်းလေးတွေဟာ စားချင်စရာမုန့်ကလေးတွေလို အမြဲထုတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ soft drink lip tint လေးဟာ မိတ်ကပ် ခရေဇီလေးတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ 

အခုအသစ်ထုတ်လိုက်တဲ့ eye shadow လေးကလည်း Kit Kat ဘူးပုံစံကိုမှ အသွင်းထဲမှာ ချောကလက်ဘားလေးတွေကို ရောင်စုံကာလာလေးတွေနဲ့ မြင်ရမှာပါ။ 

သူက Kit Kat ချောကလက်နဲ့ စတော်ဘယ်ရီဆိုပြီး နှစ်မျိုးရှိပါတယ်။ စတော်ဘယ်ရီလေးကလည်း တကယ်ကို စားချင်စရာကောင်းအောင် အရောင်လေးတွေက စိုလွန်းတယ်။ 

Kit Kat palette လေးတွေကို ၂၄ဒေါ်လာနဲ့ ဝယ်လို့ရနေပါပြီ။ အကြောင်းစုံသိချင်ရင်တော့ Etude House ဆိုဒ်မှာ ဝင်ကြည့်လို့ရတယ်နော်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations