ချစ်သူတွေတိုင်း သဘောကျမယ့်...

ဂျပန်နိုင်ငံ Hakone မှာတည်ရှိတဲ့ Yunessun spa ဟာ ကျရောက်လာတော့မယ့် ချစ်သူများနေ့အတွက်ချောကလက်ရေကူးကန် ဖွင့်လှစ်လိုက်ပါတယ်။ 

ချစ်သူများနေ့ကို အမှတ်တရများစွာနဲ့ဖြတ်သန်းချင်တဲ့ သူများအတွက် Yunessun spa က ချောကလတ် hot spring ကို နေ့လည် ၁နာရီကနေ ၃နာရီထိဖွင့်လှစ်ခဲ့ပါတယ်။ 

ဂျပန်မှာရှိတဲ့ အခြားရိုးရာတွေနဲ့မတူပဲ ယောက်ျားလေးရော၊ မိန်းကလေးပါ ရေကူးကန်ထဲအတူတူစိမ်နိုင်ပြီး ချောကလက်တွေကို စာဖိုမှူးဝတ်စုံနဲ့လူက လက်ထဲကို လိုသလောက်ထည့်ပေးပါတယ်။ 

ချစ်သူများနေ့ပြီးသွားလည်း မတ်လ ၁၇ရက်နေ့ထိ Yunessun spa မှာ ချောကလက်လေးတွေရှိနေဦးမှာဖြစ်ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations