Makoto Shinkai ရဲ့၂ဝ၁၆ masterpiece ဖြစ်တဲ့ '' Your Name'' ဆိုတဲ့ ဂျပန်ကာတွန်းကားလေးဟာ အထင်ကရဖြစ်ဆုံးကာတွန်းကားတွေထဲက တစ်ခုလို့ပြောရပါမယ်။ ဒီကားလေးကို ဟောလိဝုဒ်မှ Amazing Spider-Man ဒါရိုက်တာ Marc Webbက live-action ပြန်လည်ရိုက်ကူးမှာဖြစ်ပါတယ်။
၂ဝ၁၇တည်းက ဒီကားလေးကို ပြန်လည်ရိုက်ကူးဖို့ ကြိုးစားခဲ့ဖြစ်ပြီး အခုမှအကောင်ထည်ဖော်ဖြစ်တော့တာပါ။ ရိုက်ကွင်းနေရာတွေနဲ့ပတ်သတ်ပြီး Paramount ကနေ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Genki Kawamura လည်း ဒီရုပ်ရှင်အတွက် J.J. Abrams နဲ့အတူ co-producer အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။ Screen Writer ကတော့ Arrival နဲ့ Bird Box တို့ကို ဖန်တီးခဲ့သူ Eric Heisserer ပဲဖြစ်ပါတယ်။
Your Name ကာတွန်းကားဟာ အကောင်းဆုံးဇာတ်လမ်းကို အခြေခံထားတာဖြစ်တဲ့အတွက် အမေရိကန် live-action အဖြစ် အသက်သွင်းတဲ့အခါ ပရိတ်သတ်တွေ စိတ်မပျက်စေရအောင် အကောင်းဆုံးကြိုးစား ရိုက်ကူးသွားကြမှာပါ။
ဒီမှာကျတော့ သူတို့က American live-action version ကိုယူမှာဆိုတော့ အမေရိကန်ကကောင်မလေးနဲ့ ချီကာဂိုက ကောင်လေးတို့ရဲ့အချစ်ဇာတ်လမ်းဆိုပြီး သူတို့ ဇာတ်အိမ်ဖော်ထားတယ်။ ပရိတ်သတ်တွေ အားပေးရဦးမယ့် ဇာတ်ကားကောင်းလေး တစ်ကောင်းပါပဲ။
Facebook Conversations