အရမ်းမိုက်...

Marvel ရဲ့စူပါဟီးရိုးအသစ် ဖိလစ်ပိုင်အမျိုးသမီးကတော့ တကယ်ကိုအမိုက်စားပါပဲ။ သူမရဲ့နာမည်က wave တဲ့။ 

ထွက်ရှိလာတော့မယ့် " War of the Realms'' မှာ Agents of Atlas teamနဲ့ ဒီ character ကို ပူးပေါင်းဖန်တီးသွားမှာဖြစ်ပါတယ်။ 

အမေရိကန် ဒါရိုက်တာနဲ့ ကာတွန်းရေးဆရာ Greg Pak က သူ့ရဲ့character အသစ်နဲ့အတူ တွစ်တာမှာပုံတစ်ချို့ ကို တင်ထားပါတယ်။ 

ဒီဇိုင်းပိုင်းကို Pak နဲ့ ဖိလစ်ပိုင်ကာတွန်းပညာရှင် Leinil Francis Yu တို့က ရေးဆွဲထားတာဖြစ်ပါတယ်။ သူမအသားရည်က အညိုရောင်သန်းပြီး နက်မှောင်တဲ့ဆံကေသာကို ပိုင်ဆိုင်ထားတယ်။ 

ဖိလစ်ပိုင်ရဲ့ထူးခြားတဲ့ ဟီးရိုးတစ်ယောက်ဖြစ်လာပြီး  War of the Realms မှာ ပါဝင်လာမှာပါ။ Marvel universe ကို ဖိလစ်ပိုင်ဟီးရိုးသစ်မိတ်ဆက်ပေးခဲ့တာ ပြီးခဲ့တဲ့ ၂ဝဝ၈ခုနှစ်တည်းကဖြစ်ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations