အသက် ၅ဝအရွယ် အမည်မဖော်လိုသူအမျိုးသားတစ်ဦးဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Linshui , Sichuan ဒေသက ရွာတစ်ခုမှာ ကြက်တွေ ဘဲတွေ သွားခိုးခဲ့တယ်လို့သိရပါတယ်။
သူ့ရဲ့BMW ကားကြီးဟာ ယွမ် ၂မီလီလျံ (ဒေါ်လာ ၂၉ဝဝဝဝ) တန်ဖိုးရှိပါတယ်။ သူက ရွာကနေ ကြက်တွေ၊ ဘဲတွေ ခိုးပြီးတာနဲ့ ကားကြီးမောင်းပြီး တန်းပြေးတော့တာပါပဲ။ ရွာက တာဝန်ရှိသူတွေလည်း မြင်လိုက်ပေမယ့် ကားနဲ့ပြေးသွားတာဆိုတော့ မမှီလိုက်ဘူး။
ကားအကောင်းစားကြီးနဲ့ ကြက် ၊ ဘဲတွေ ခိုးလာတဲ့ သူ့ရဲ့သတင်းကတော့ တရုတ်ဆိုရှယ်မီဒီိယာမှာပျံနှံ့လို့နေပါတယ်။
ကြက်နဲ့ဘဲတွေ သူသွားရောင်းတော့ ဝယ်သူတွေက မသင်္ကာတာနဲ့ ရဲတွေဆီသတင်းပို့ရာကနေ ထိုလူကို ဖမ်းဆီးမိခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူကလည်း ဒီလောက်ကားအကောင်းစားကြီးစီးပြီး ဓာတ်ဆီဖိုးတောင်မတတ်နိုင်ဘူးလားလို့ ဝေဖန်နေကြပါတယ်။ ဖြစ်မှဖြစ်ရလေနော်...
Facebook Conversations