ပြီးခဲ့တဲ့ သောကြာနေ့က အသက် ၈၄နှစ်အရွယ်အဘိုးတစ်ယောက်ဟာ တရုတ်နိုင်ငံ တက္ကသိုလ်တစ်ခုမှာ ဝင်ခွင့်ဖြေသူပေါင်း ၁ဝမီလီလျံနဲ့အတူ သူ့ရဲ့ဝင်ခွင့်ကိုလည်းဖြေဆိုခဲ့ပါတယ်။
ပညာလို အိုသည်မရှိ ဆိုတဲ့စကားအတိုင်း အဘိုးဟာ နောက်ဆုံးအကြိမ်ထိ စာမေးပွဲကိုဖြေဆိုသွားချင်ပုံပါပဲ။ ဝင်ခွင့်ရဖို့အတွက် သူအများကြီးလည်း ပြင်ဆင်ထားခဲ့ပါတယ်။ ပညာရေးတွေက တစ်နှစ်နဲ့တစ်နှစ် မတူတော့မို့ အဘိုးအနေနဲ့ အသက်လည်းကြီးပြီဆိုတော့ ခက်ခက်ခဲခဲ လေ့လာရတဲ့အပိုင်းတွေလည်း ရှိတာပေါ့။ သူ့အတွက် အခက်ဆုံးကတော့ သချာင်္ပါပဲတဲ့။
တစ်နေ့ကို ၂နာရီ စာလေ့လာပါတယ်။ တရုတ်နိုင်ငံက ထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ Peking University (သို့) Beijing Normal University မှာ တက်ရောက်နိုင်ဖို့အတွက် ၀င်ခွင့်ရအောင် အခုလိုကြိုးစားနေရတာပဲဖြစ်ပါတယ်။
အဘိုးက တရုတ်အင်တာနက်သုံးစွဲသူတွေက gaokao grandpa လို့ ချစ်စနိုးနဲ့ခေါ်ကြတယ် ။ကံဆိုးစွာနဲ့ပဲ အဘိုး စာမေးပွဲကျခဲ့ပါတယ်။ ဒီနှစ်မှာ အဘိုးရဲ့မြေးမလေးလည်း တက္ကသိုလ်ဝင်ခွင့်ကို ဖြေဆိုမယ်လို့သိရပါတယ်။
အဘိုးကျသည်ဖြစ်စေ ၊ အောင်သည်ဖြစ်စေ ယှဉ်ပြိုင်မှုကသာ အဓိကဖြစ်တဲ့အတွက် ယုံကြည်မှုရှိရှိဖြေဆိုခဲ့တဲ့ အဘိုးဟာ စမတ်ကျနေဆဲပါပဲ။ မအောင်မြင်လို့ဆိုပြီး အရာတစ်ခုကို အဆုံးသတ်လိုက်မှာတော့ မဟုတ်ဘူး။ မအောင်မြင် မချင်း ကျွန်တော်ဆက်ကြိုးစားသွားမှာပါလို့လည်း အဘိုးကပြောသွားပါတယ်။
Facebook Conversations