ချစ်စရာလေးတွေ...

ဂျပန်နိုင်ငံ အရုပ်ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်တဲ့ ချစ်စရာ ထမင်းပေါင်းအိုးလေးဟာ တကယ်ပဲ ထမင်းချက်စားလို့ရသလားလို့ အင်တာနက်သုံးစွဲသူတွေက မေးနေကြပါပြီ။ 

ထမင်းပေါင်းအိုးလေးဟာ လက်ထဲမှာကိုင်ထားရင် ပိစိလေးရယ်။ ပေါင်းအိုးတည်တဲ့ ခလုတ်တွေ၊ အဖုံးတွေ အမျိုးစုံပါပါတယ်။ သူလေးဟာ ယွမ်၃ဝဝ(ဒေါ်လာ ၂.၇၈) ရှိပါတယ်။ အရောင်မျိုးစားက ခြောက်ရောင်ရှိပါသတဲ့။ 

ကလေးတွေကတော့ ဒါလေးကို သဘောကျနေတော့မှာပါပဲ။ တကယ်တော့ ထမင်းတည်လို့မရပါဘူး။ သူ့ထဲကို ပစ္စည်းသေးသေးလေးတွေပဲ ထည့်သိမ်းထားလို့ရပါတယ်။ ပိုက်ဆံအကြွေစေ့လေးတွေ စသဖြင့်ပေါ့။ ငှက်ကလေးတွေ အစာကျွေးတဲ့ ခွက်အဖြစ်လည်း အသုံးပြုလို့ရပါတယ်။ ဒီကုမ္ပဏီက အခြားချစ်စရာကောင်းတဲ့ အရုပ်လေးတွေလည်း ထုတ်ပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations