သောက်ချင်စရာလေးတွေ...

ဂျပန်နိုင်ငံကတော့ တစ်ခုပြီးတစ်ခုကို တီထွင်နေတော့တာပါပဲ။ ဟိုတလောကပဲ ထမင်းပေါင်းအိုး ပိစိလေးတွေ ထုတ်ခဲ့တယ်။ အခု အရုပ် tea bag လေးတွေ ထပ်ထုတ်ပြန်ပြီတဲ့။ 

သူဟာ tea bag လေးကို ရေဘဝဲပုံစံ၊ ပင်ဂွင်းပုံစံ ၊ လင်းပိုင်ပုံစံနဲ့ အခြား ချစ်စဖွယ် တိရိစ္ဆာန်လေးတွေလို လက်ဖက်ခြောက်ထုတ်လေးတွေနဲ့ စားသုံးသူ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့တယ်။ ရေနွေးခွက်ထဲ ထည့်လိုက်ပြီဆိုတာနဲ့ အိတ်လေးက ဖောင်းကြွလာပြီး ရေဘဝဲတကယ့်အစစ်လေးလို ပုံပေါ်လာမှာဖြစ်ပါတယ်။ 

တိရစ္ဆာန်လေးတွေရဲ့ပုံစံအလိုက်ပြောင်းပြီး tea အရသာလည်း ပြောင်းသွားပါတယ်။ ချစ်စရာကောင်းတဲ့ Ocean Tea Bag လေးတွေက ယွမ် ၁၈၂ဝ (ဒေါ်လာ ၁၆) ရှိပါတယ်။ သောက်ချင်စရာ tea bag လေးတွေကို ဖော်ပြပေးလိုက်တယ်နော်... 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations