ဘယ်လိုစိတ်နဲ့ ဆရာမတွေဖြစ်လာပါလိမ့်....

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ မူကြိုကျောင်းမှာ ကလေးနှစ်ယောက်ကို အပြစ်ပေးတဲ့အနေနဲ့နေပူထဲ ထွက်နေခိုင်းတဲ့ ဆရာမကို ကျောင်းကနေ အလုပ်ထုတ်လိုက်ပြီသိရပါတယ်။ 

ကလေးတွေကို အပြစ်ပေးတဲ့အချိန်ဟာ အခြားကလေးတွေ တရေးတမော အိပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အင်တာနက်ပေါ်မှာ အတော်လှုပ်ခေတ်သွားခဲ့ပါတယ်။ ကလေးအပေါ် ဒီလောက်ထိ အပြစ်ပေးလိုသလား ဆိုပြီးဝေဖန်သံတွေ မြင့်တက်လို့နေပါတယ်။ 

လုပ်မိတဲ့အပြစ်က အခြားကလေးတွေ အိပ်နေချိန် ဒီကလေးနှစ်ယောက်က မအိပ်တဲ့အတွက် နေပူထဲ ထွက်နေခိုင်းသတဲ့။ အဲ့ဒါနဲ့ ဆရာမက ကလေးနှစ်ယောက်ကို နေအရမ်းပူနေတဲ့ ကစားကွင်းထဲမှာ ဒီတိုင်းထွက်နေခိုင်းခဲ့ပါတယ်။ 

ဒီကလေးနှစ်ယောက်ကို ခေါင်းအုံးတွေ ၊ စောင်တွေနဲ့ ထုတ်ထားခဲ့တာပါ။ ကောင်လေးကတော့ အိပ်နေပြီး ကလေးမလေးကတော့ ခေါင်းအုံးပိုက်ပြီး ထိုင်နေပါတယ်။ အဲ့ဒီနေ့က အပူချိန်က ၉၁ဒီဂရီ ဖာရင်ဟိုက်ရှိပါတယ်။ အပြစ်ပေးတဲ့ဆရာမကိုလည်း အလုပ်ထုတ်ပြီး ဒီမူကြိုကျောင်းကိုပိတ်ပစ်ဖို့ အမိန့်ပေးခံနေရပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations