တရုတ် အရှေ့တောင်ပိုင်း Dongguan, Guangdongရှိ ဈေးဝယ်စင်တာတစ်ခုမှာ ကလေးမလေးတစ်ယောက် Pikachu အရုပ်ကောက်ရင်း စက်ထဲမှာ ထူးထူးဆန်းဆန်းပိတ်မိနေတာတွေ့ရပါတယ်။
ကလေးမလေး အမေက အခြားကလေးနှစ်ယောက်ကိုကြည့်နေရတဲ့အချိန် ဒီစက်ထဲမှာ သူမညှပ်နေတာဖြစ်ပါတယ်။ သူမကို စက်ထဲကပြန်ထုတ်ဖို့ မိနစ် ၂ဝကြာမြင့်ခဲ့ပါတယ်။ အန္တရာယ်ကင်းကင်းနဲ့ပဲ သူမအပြင်ကို ပြန်ရောက်လာခဲ့ပါတယ်။ အရုပ်ကျတဲ့ နေရာကနေ ကလေးက သေးတော့ အလွယ်တကူဝင်လို့ရတယ် ထင်ပါတယ်။ သူ့ဘာသာဝင်ပြီး ပြန်မထွက်တတ်တော့တဲ့အချိန် လူတွေမြင်သွားလို့ တော်သေးတာပေါ့။
ကလေးမလေးရဲ့ဗီဒီယိုဟာ တရုတ်ဆိုရှယ်မီဒီယာမှာတော့ နာမည်ကြီးသွားလေရဲ့။
Facebook Conversations