အတူတူစုနေမယ့် သူငယ်ချင်းတွေကို မန်းရှင်းခေါ်လိုက်တော့... ;-)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Guangzhou, Guangdong ပြည်နယ်မှာ အမျိုးသမီးတွေ(၇)ယောက်စုပြီး အိမ်အကြီးကြီးဝယ်ယူလိုက်တဲ့ သတင်းလေးဟာ အင်တာနက်သုံးစွဲသူများကြားပျံ့နှံ့လို့နေပါတယ်။ 

အမည်မဖော်လိုသူ အမျိုးသမီး (၇)ယောက်ဟာ အရမ်းရင်းနှီးချစ်ခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး ၂ဝဝ၈ ခုနှစ်က နောက်လိုက်တာ အခုတော့ လက်တွေ့မှာ အကောင်ထည်ဖော်နိုင်ခဲ့ပြီ။ ၇ဝဝ​စတုရန်း မီတာရှိတဲ့ အိမ်ကျယ်ကြီးကို သူငယ်ချင်း(၇)ယောက်စုပြီး ဝယ်ယူခဲ့ပါတယ်။

သူမတို့ဝယ်ထားတဲ့ အိမ်ဟာ မြို့ လယ်ခေါင်နဲ့ဆို ၇ဝ ကီလိုမီတာ(၄၄မိုင်) ဝေးတယ်လို့ သိရပါတယ်။ အိမ်ကြီးရဲ့တန်ဖိုးဟာ ယွမ်၎မီလီလျံ (ဒေါ်လာ ၅၈၄ဝဝဝ)ဝန်းကျင် ရှိပါတယ်။ အခုတော့ နေချင်စဖွယ်အိမ်လေးဟာ အများအားကျနေရတဲ့ အိမ်လေးတစ်လုံးဖြစ်နေပါပြီ။ 

အတွင်းပိုင်း ပြင်ဆင်မှုတွေကလည်း သိပ်ကိုသားနားပြီး အိပ်ယာ ၊ အိပ်ခန်း နဲ့ ဧည့်ခန်းတွေအကုန် အပြစ်ပြောစရာကိုမရှိပါဘူး။ အိမ်ကို မှန်တွေနဲ့တည်ဆောက်ထားတာကြောင့် အပြင်ပိုင်း အလှတရားတွေကို တဝကြီး ခံစားလို့ရပါတယ်။ 

အမျိုးသမီး (၇)ယောက်ထဲက တစ်ယောက်က '' ကျွန်မတို့အတူတူ ဟင်းချက်စားကြတယ်။ အားလပ်ရက်တွေဆို ကွင်းထဲမှာ barbecue လုပ်စားတယ်။ သီချင်းတွေ ဆိုကြ ၊ ပျော်ကြ ၊ ပါးကြတယ် '' လို့ဆိုပါတယ်။ 

အမှန်တော့ ဒီလိုသူငယ်ချင်းတွေစုပြီး တစ်အိမ်ထဲနေဖို့ဆိုတာ မလွယ်ပါဘူး။ တော်တော်လေးစိတ်တွေညီမှ လိုက်လျောညီထွေရှိမှ အဆင်ပြေပြေနေနိုင်မှာပါ။ အခုတော့ ဒီအမျိုးသမီး (၇)ယောက်ကို တွေ့လိုက်ရချိန်မှာ သူတို့တွေဟာ ကမ္ဘာ့အပျော်ရွှင်ဆုံး အမျိုးသမီးတွေလို့ မြင်မိတယ်ဆိုပြီး အင်တာနက်သုံးစွဲသူတစ်ယောက်က ပြောထားပါတယ်။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations