သိထားသင့်တယ်
စိတ်ခံစားချက်ဆိုတာ ကိုယ်တွေဆက်ဆံနေရတဲ့လူမျိုးတွေပေါ်မှာလည်း မူတည်ပါတယ်။ တကယ်တော့ ခိုင်မာတဲ့ Relationship ဆိုတာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပေးပြီး လေးစားမှုရှိရပါတယ်။ မကြာခဏ ပြသနာတွေတက်၊စကားများနေတဲ့ဆက်ဆံရေးဟာ ရေရှည်ဆို ကိုယ့်ကိုပဲထိခိုက်စေပါတယ်။
၁။ သူငယ်ချင်းတွေနဲ့အပြင်သွားရင် မလွှတ်ဘူး
၁။ သူငယ်ချင်းတွေနဲ့အပြင်သွားရင် မလွှတ်ဘူး
သူငယ်ချင်းတွေနဲ့တွေ့လည်း ကိုယ့်ချစ်သူက ဘေးကနေ အမြဲတမ်းတစ်ကောက်ကောက် လိုုက်နေမယ်။အဲ့ဒါချစ်တယ်လို့ထင်ရပေမယ့် သတိပေးနေတဲ့လက္ခဏာပါ။ တစ်ခါတစ်လေ ကိုယ့်ချစ်သူကို သူငယ်ချင်းတွေနဲ့အချိန်ပေးသင့်တယ်ဆိုတာ နားလည်သင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်နေရာပေးမှ ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်နိုင်ပါမယ်။
၂။ ကိုယ့်ပိုက်ဆံကိုပါ စီမံလာမယ်
ယုံကြည်မှုထားဖို့ လိုပါတယ်။ဒါပေမယ့် အရင်ဆုံးတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုရှိအောင်နေပါ။ပိုက်ဆံတွေကို စီမံခန့်ခွဲတော့ မင်းတို့ဆက်ဆံရေးက ဘာဖြစ်သွားမှာလဲ ? အရှိန်အဝါလွှမ်းမိုးမှုဆိုတာ စီးပွားရေးအကြမ်းဖက်မှုကနေ လာတာပါ။စုံတွဲတွေအတွက်အတွေ့အကြုံနဲ့ကောင်းတဲ့ကိစ္စတွေပဲ တစ်ယောက်နဲ့တစ်ယောက်မျှဝတာ ကောင်းပါတယ်။
၃။ ဖုန်းထဲက password တွေပေးထားခြင်း
၃။ ဖုန်းထဲက password တွေပေးထားခြင်း
e-mail နဲ့အခြား အချက်လက် password တွေပေးထားခြင်းက အချစ်ကိုသက်သေပြတာ မဟုတ်ပါဘူး။ အဲ့ဒါ ဆက်ဆံရေးတစ်ခု အဖုအထစ်ဖြစ်စေမယ့် အစပျိုးမှုတွေပါပဲ။ကိုယ့်ချစ်သူနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခွဲခြားထားပါ။အထိန်းချုပ်မခံပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိမှ ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုဖြစ်မှာပါ။
၄။ ဘယ်လိုဝတ်စားဖို့ ပြောမယ်
၎။ ဘယ်လိုဝတ်စားဖို့ ပြောမယ်
Relationship တည်မြဲဖို့ဆို အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး လေးစားပါ။ မင်း ချစ်သူက မင်းဝတ်စားပုံကို သဘောမကျဘူးလား ?အဲ့ဒါ သူတို့ဆုံးဖြတ်ပေးရမယ့် ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ဝတ်စားပုံက ကိုယ်နဲ့ပဲဆိုင်ပါတယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် တည်ဆောက်ဖို့က ခက်ခဲပေမယ့် ဒီအချက်ဟာ ဆက်ဆံရေးတစ်ခုချောမွေ့အတွက် လိုအပ်ပါတယ်။
၅။အကြာကြီးနေမှ ဖုန်းကိုင်ရင်စိတ်ဆိုးမယ်
ဒီအပြုအမူတွေက မင်းကိုစိတ်အနှောင့်ယှက်မဖြစ်ပါဘူးလို့ထင်ရင် ချစ်သူထားတယ်ဆိုတာ ကိုယ့်ရင်ထဲအေးချင်လို့ စိတ်ရှုပ်အောင်လုပ်ဖို့မဟုတ်ဘူးလို့ အကြံပေးပါရစေ။ ချစ်သူဆီက miss called တွေများ ၀င်နေမလားဆိုပြီး အချိန်တိုင်းစိုးရိမ်နေရမယ်ဆိုရင် တစ်ခုခုတော့မှားနေပြီနော်။
၆။ သူငယ်ချင်းအရင်းကြီးတွေနဲ့တောင် သ၀န်တိုမယ်
သဝန်တိုတယ်ဆိုတာ ရောဂါတစ်မျိုး။အမှန်ပဲ တစ်ခါတစ်လေ ကိုယ်တွေက အဲ့ဒါကိုဟာသလုပ်နေပေမယ့် ဟာသတွေကနေ အတည်ဖြစ်လာတတ်တယ်။ချစ်သူက ကိုယ့်ကိုမယုံကြည်ဘူးဆို ဘယ်တော့မှမတည်မြဲနိုင်ပါဘူး။
၇။စိတ်ထဲရှိတဲ့အတိုင်း ပြောဖို့ တွန့်ဆုတ်နေမယ်
၇။စိတ်ထဲရှိတဲ့အတိုင်း ပြောဖို့ တွန့်ဆုတ်နေမယ်
ချစ်ရတာ ပျော်စရာကောင်းပါတယ်။ကြောက်နေရမှာ မဟုတ်ဘူး။ချစ်သူဆိုတာ ရင်ဖွင့်ဖော်လို့လည်း ပြောလို့ရပါတယ်။ ကိုယ်ကြောက်ရွံနေရမယ့် လူမဟုတ်ပါဘူး။ 
၈။ စော်ကားမယ်
ဘာမဟုတ်တဲ့ပြဿနာလေးတွေတောင် ကိုယ့်ချစ်သူက လက်ပါနေပြီလား ... အဲ့လိုမျိုးအကျင့်တွေကို ခွင့်မပြုသင့်ပါဘူး။Relationship တစ်ခုမှာ ကိုယ့်အတွက်ကို သတ်မှတ်ချက်တွေထားသင့်တယ်။ ကိုယ့်ကို လက်ပါနေပြီဆိုသေချာစဉ်းစားပါတော့။ ကိုယ်က အဖိနှိပ်ခံမဟုတ်ဘူး။
၉။ သူငယ်ချင်းတွေ သတိပေးလာမယ်
၉။ သူငယ်ချင်းတွေ သတိပေးလာမယ်
သူတို့ပြောတာ နားထောင်လိုက်ပါ။အခြေအနေတစ်ခုကို မတူညီတဲ့ဘက်ပေါင်းစုံကနေ ကွဲပြားစွာ မြင်နိုင်ပါတယ်။ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေမှာကောင်းမွန်တဲ့ အိုင်ဒီယာတွေရှိနေတတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်အမြင်ကမတူဘူးလေ။ မင်းဝမ်းနည်းနေတာ၊တိတ်ဆိတ်နေတာကို ဘေးကလူတွေမြင်နေရပါတယ်။ မင်းသတိမထားမိတဲ့အရာကို သူတို့တွေမြင်ကောင်းမြင်နိုင်တယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations