အားကျစရာကောင်းတယ်
၃၁နှစ် Eser Aksan Erdoganက အမျိုးသမီးပိုင်းလော့တစ်ဦးဖြစ်ပြီး သူမသွားဖူးတဲ့ ကမ္ဘာအနှံ့အပြားကလှပတဲ့နေရာတွေကို ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်တင်ခဲ့တယ်။
သူမအလုပ်လုပ်တဲ့ Pegasus လေလိုင်းက လေယာဉ်ပေါ်မှာ သူမတစ်ယောက်တည်း ရိုက်ထားတဲ့ပုံတွေနဲ့ အားလပ်ရက်မှာသွားခဲ့တဲ့နေရာတွေရဲ့ အလှတရားကို အားလုံးခံစားနိုင်ရန် ဓာတ်ပုံရိုက်ကူးပြီး အင်စတာဂရမ်ပေါ်မှာ သူမတင်ခဲ့ပါတယ်။
ကြယ်လုံးပွင့်ဟော်တယ်မှာအပန်းဖြေနေတဲ့ပုံတွေ၊ Mediterranean မှာ ရွက်လွှင့်စီးပုံတွေ ဖြစ််ပါတယ်။ လေယာဉ်မယ်တွေအားလုံးနဲ့အတူ Saudi Arabia နဲ့ Tanzania မှာ Northern Lights ကိုသွားကြည့်ခဲ့ကြတယ်။စွန့်စားပညာရှင် ပိုင်းလော့တွေလည်း မိန်းကလေးတွေ male-dominated industry ကို လာရောက်ဆက်သွယ်ဖို့မျှော်လင့်နေကြတယ်။ လွန်ခဲ့တဲ့သုံးနှစ်မှာ အလုပ်စလုပ်တည်းက Eser ဓာတ်ပုံတွေစရိုက်ခဲ့ပြီး အခု Followers ပေါင်း၂၈၀၀၀ ရှိသွားပါပြီ။
Seychellesမှာကျင်းပခဲ့တဲ့ သူမ မင်္ဂလာဆောင်အပါအဝင် ပိုင်းလော့ခုံမှာထိုင်ပြီး ရိုက်ထားတဲ့ဓာတ်ပုံများကိုလည်း မျှဝေပေးခဲ့တယ်။ Eserက နယ်သာလန်မှာမွေးဖွားပြီး Dutch နဲ့Turkish လေလိုင်း Pegasusမှာ အလုပ်လုပ် နေတာပါ။ Turkey မှာ ၈နှစ်ကြာနေထိုင်ခဲ့ပြီး ဥရောပနဲ့အရှေ့အလယ်ပိုင်းကို Boeing လေယာဉ်ရ၃၇ နဲ့ အလည်ခရီးသွားခဲ့တယ်။ သူမအလုပ်ကို ဘယ်လောက်ခုံမင်လဲဆိုတာ သူမဓာတ်ပုံတွေကြည့်ပြီးသိနိုင်ပါတယ်..အခု အမျိုးသမီးပိုင်းလော့တွေက အားလုံးပေါင်း ၅ဝဝဝသာရှိပါသေးတယ်။
Eser နဲ့ သူမအမျိုးသား Volkan ၊ သူလည်းပိုင်းလော့တစ်ယောက်ပါပဲ
Eser နဲ့ သူမအမျိုးသား Volkan ၊ သူလည်းပိုင်းလော့တစ်ယောက်ပါပဲ
Eser နဲ့ သူမအမျိုးသား Volkan က ပိုင်းလော့ချင်းအတူတူဆိုပေမယ့် လေကြောင်းကွဲတယ်.. ကမ္ဘာအနှံ့ခရီးသွားဖို့အတွက် သူတို့ရဲ့အားလပ်ရက်ချိန်တွေကို အချိန်ဇယားဆွဲ စီစဉ်ကြတယ်။
Eser အတွက်တော့ ကောင်းကင်ပေါ်မှာ အချိန်တွေအများကြီးကုန်ဆုံးရတာ အခြားလူတွေ ဘဝမှာမမြင်နိုင်တဲ့အရာတွေကို သူမမြင်ခွင့်ရခဲ့ပါတယ်။ ''အလုပ်ရဲ့အကောင်းဆုံးပိုင်းကတော့ ဘယ်တော့မှမပျင်းရဘူး..အမြဲတမ်း နေကြီးကိုမြင်ရတယ်. မိုးရွာတဲ့နေ့တွေဆို တိမ်တွေပေါ်တက်နေရသလိုပဲ ''
''အပေါ်မှာဆို အလှတရားတွေအကုန်မြင်ရတယ်..ညဘက်တွေမှာ ပေ၄၁ဝဝဝလောက် ရောက်သွားလို့ လမထွက်တဲ့နေ့ဆို တစ်ခါတစ်လေ နဂါးငွေ့တန်းတွေမြင်ရတယ်။ '' Scandinavia မှာဆောင်းရာသီဆို Aurora Borealis ကိုုမြင်ရတယ်..အဲ့ဒါကိုကြည့်လိုက်ရင် အိပ်မွေ့ချလိုက်သလိုပဲ။ ''
''တကယ်ခက်ခဲတဲ့ အလုပ်တစ်ခုပါ..ဒီလိုဖြစ်လာဖို့အတွက် အများကြီးပြင်ဆင်လေ့လာရတယ်.. ဆိုးဝါးတဲ့ရာသီဥတုအခြေအနေနဲ့ ခရီးသွားဖို့တွေ၊ဂျုတီက ၁၄နာရီ (သို့)၁၆နာရီကြာတတ်တယ်။ ရက်တွေကကြာလွန်းလို့ မနက်မိုးလင်းရင် ဘယ်နေရာရောက်နေလဲဆိုတာ တစ်မိနစ်လောက် စဉ်းစားယူရတယ်။မွေးနေ့တွေလည်း လက်လွတ်ခဲ့ရမယ်..အထူးသဖြင့် နှစ်ပတ်လည်နေ့တွေပေ့ါ။ သူငယ်ချင်းတွေကိုလည်း ဆုံးရှုံးရမယ် ဒါပေမယ့် အရောင်အသွေးစုံပြီး အံ့သြစရာကောင်းတဲ့ အလုပ်နဲ့ ကမ္ဘာပတ်ရတယ်..၀ါဿနာပါရင် ဒီအလုပ်ကိုရွေးချယ်ဖို့ မိန်းကလေးတွေကို ကျွန်မပြောချင်ပါတယ်..ရင်ထဲကလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations