လှသွားပြီ ...
ယောက်ျားသုံးဦးကို သူတို့ရဲ့ချစ်သူတွေအား အလှဆုံးဖြစ်အောင်မိတ်ကပ်လိမ်းပေးဖို့စိန်ခေါ်ပွဲတစ်ခုလုပ်ခဲ့တယ်။
ယောကျ်ားသုံးဦးကို သူတို့ရဲ့ချစ်သူတွေအား အလှဆုံးဖြစ်အောင်မိတ်ကပ်လိမ်းပေးဖို့စိန်ခေါ်ပွဲတစ်ခုလုပ်ခဲ့တယ်။
သူမမိတ်ကပ်ပြင်တဲ့အချိန်က ၄၅မိနစ်ကြာပါတယ်။ ပြင်ပေးတဲ့ မိတ်ကပ်တွေက သူမပုံမှန်အသုံးပြုနေကျမိတ်ကပ်ကိုပဲရွေးပေးတယ်။ ထိုလူပြင်ပေးတော့ အချိန်က ၁၂မိနစ်ပဲကြာတယ်။ သူအသုံးပြုခဲ့တဲ့ မိတ်ကပ်ပစ္စည်းတွေက ၉ခုရှိပါတယ်။
Joseph McCann နဲ့ ချစ်သူ Jodie O'Rourke တို့နှစ်ယောက်လုံးက အသက် ၂၅နှစ်ဖြစ်ပြီး သူမမိတ်ကပ်လိမ်းတဲ့အချိန်အရမ်းကြာလို့ သူတို့မကြာခဏစကားများကြတယ်လို့ပြောပါတယ်။ South Woodford, north-east London မှာနေထိုင်ပြီး ရည်စားသက်တမ်းက ၂နှစ်ရှိပါပြီ။ Jodieက ဒီပြိုင်ပွဲအတွက် သူမချစ်သူအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဝင်ပြိုင်ခဲ့တာပါ။
Joe က '' မိတ်ကပ်ပြင်ပေးရတာတော့ ၀ါဿနာပါတယ်..ကျွန်တော့်မျက်လုံးထဲကြည့်ကောင်းမယ် ထင်တာကိုပဲ ပြင်ပေးခဲ့တာပါ''
''မိတ်ကပ်ပြင်ရင်း ဘာကိုဘယ်လိုလုပ်ပေးရမယ်မှန်းမသိတော့ဘူး.. သူ့မျက်လုံးကိုုခြယ်ပေးပြီးမှ ကျွန်တော်တော်တော်ရယ်ချင်သွားတယ်..တော်တော်ဆိုးတယ်လေ ဘာပဲဖြစ်ဖြစ် သူကတော့ ရယ်နေတာပဲ။သူ့ကိုကျွန်တော် မိတ်ကပ်တစ်ဘူးစာတော့အကြွေးတင်သွားတယ်။ ''
Jodieချစ်သူပြင်ပေးထားတဲ့ပုံ
Jodieချစ်သူပြင်ပေးထားတဲ့ပုံ
သူမကိုယ်တိုင် ပြင်ထားပုံ
သူမကိုယ်တိုင် ပြင်ထားပုံ
''သူပြင်ထားတာကို မှန်ထဲပြန်ကြည့်တော့ ယုံတောင်မယုံနိုင်ဘူး.. ကျွန်မရဲ့စျေးကြီးတဲ့ မိတ်ကပ်တွေကို ဒီလိုမျိုးဖြုန်းတီးလိုက်တာ အရမ်းနှမျောတယ်။မိတ်ကပ်က ထူပိန်းနေတာပဲ..တစ်ဘူးလုံးသုံးပစ်လိုက်တာ ဖြစ်မယ် ''
''ပါးနီဆိုးတဲ့ ဘရွက်နဲ့ကျွန်မနဖူးကိုလာသုတ်နေတည်းက ကျွန်မကြည့်မကောင်းဘူးဆိုတာ သိလိုက်ပြီ.. ခရမ်းရောင်မျက်လုံးဆိုးဆေးကို နှုတ်ခမ်းနီဆေးပေးတယ်.. ကျွန်မကိုဆေးသုံးတဲ့ လူနဲ့တူအောင်လုပ်နေတာ..မျက်ခုံးမွှေးဆွဲတာတော့ မဆိုးဘူး။အဲ့ဒါတော့ လေးစားသွားပြီ။ ကျွန်မကိုစိတ်ရှည်ရှည်နဲ့ပြင်ပေးတဲ့အတွက် ဝမ်းသာပါတယ်။''
Raj Kumar Singh နဲ့ Jaspal Badwellတို့နှစ်ယောက်လုံးက ၄၉နှစ်ဖြစ်ပြီး လက်ထပ်ပြီးသွားပါပြီ အိမ်ထောင်သက်တမ်းက သုံးနှစ်ရှိပါပြီ။ သူမမိတ်ကပ်ပြင်တာက ပုံမှန် ၁ဝမိနစ်ပဲကြာပါတယ်။ သူမအသုံးပြုတဲ့မိတ်ကပ်တွေပဲဖြစ်ပြီး ပစ္စည်းတွေက ရခုပါ။ယောကျ်ားပြင်ပေးတဲ့အချိန်က ၈မိနစ်ပဲကြာပါတယ်။
Raj က '' မိတ်ကပ်တော့ပြင်ပေးချင်ဖူးတယ်..သဘာဝတိုင်းပြင်လိုက်ရုံပဲလို့ ကျွန်တော်တွေးခဲ့ပေမယ့် တကယ်တည်း ဒီလောက်ခက်ထတာမျိုး အိပ်မက်တောင်မမက်ဖူးဘူး'' ''ဘယ်ကနေ ဘယ်လိုစပြင်ရမှန်းလဲသိဘူး..ဖောင်ဒေးရှင်းဘူးမှာ ပထမလို့ရေးထားတာနဲ့ အဲ့ဒါကိုအရင်လိမ်းပေးလိုက်တယ်..အဓိကကျွန်တော်ဒုက္ခရောက်နေတာက မချိန်ဆတတ်တာပဲ.. ကျွန်တော်က နည်းနည်းလိမ်းလို့ထင်ပေမယ့် များသွားရော..ကျွန်တော်ပြင်ပေးတာကြည့်ပြီး သူတော့ ပျော်နိုင်မှာမဟုတ်တော့ဘူး''
''ဒီလောက်ဆိုးလိမ့်မယ်လို့ မထင်ထားဘူး''
 ''ဒီလောက်ဆိုးလိမ့်မယ်လို့ မထင်ထားဘူး''
သူမကိုယ်တိုင် ပြင်ဆင်ထားပုံ
သူမကိုယ်တိုင် ပြင်ဆင်ထားပုံ
Jaspal က ''ကျွန်မမိတ်ကပ်လိမ်းလာတာ နှစ်တော်တော်ကြာခဲ့ပြီ ဒါကြောင့် ကျွန်မမိတ်ကပ်လိမ်းရင် ၁၀မိနစ်ထက်မပိုဘူး.. Raj မပြင်တတ်မှန်းသိတယ်..ယောက်ျားတွေက မိတ်ကပ်ရည်ဘယ်လောက် မျက်နှာပေါ်တင်ရမယ်ဆိုတာ မမှန်းဆတတ်ဘူးလေ ဒါပေမယ့်ရှင် ဒီလောက်ဆိုးလိမ့်လို့တော့ မထင်ထားဘူး ..ကျွန်မကိုလူရယ်ချင်စရာဖြစ်အောင်ပြင်ပေးလိုက်တာပဲ ''
Jaspal က ''ကျွန်မမိတ်ကပ်လိမ်းလာတာ နှစ်တော်တော်ကြာခဲ့ပြီ ဒါကြောင့် ကျွန်မမိတ်ကပ်လိမ်းရင် ၁ဝမိနစ်ထက်မပိုဘူး.. Raj မပြင်တတ်မှန်းသိတယ်..ယောကျ်ားတွေက မိတ်ကပ်ရည်ဘယ်လောက် မျက်နှာပေါ်တင်ရမယ်ဆိုတာ မမှန်းဆတတ်ဘူးလေ ဒါပေမယ့်ရှင် ဒီလောက်ဆိုးလိမ့်လို့တော့ မထင်ထားဘူး ..ကျွန်မကိုလူရယ်ချင်စရာဖြစ်အောင်ပြင်ပေးလိုက်တာပဲ ''
၂၈နှစ် DJ Ed Shortနဲ့ ၂၉နှစ် ဒီဇိုင်နာ Jess Gladstoneတို့ရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ရှိပါပြီ။ Canonbury, North London နေထိုင်ပါတယ်။
Edကတော့ မိတ်ကပ်ပြင်ပေးရတာ စိတ်မဝင်စားဘူး.. သဘာဝကျအောင်လည်း မလုပ်ပေးတတ်ဘူး။ ဒါပေမယ့် ချစ်သူရဲ့တောင်းဆိုမှုကြောင့်ရယ်၊သိပ်မခက်ပါဘူးလို့ပြောတဲ့စကားကို ယုံမိသွားတာရယ် ပေါင်းပြီး ဒီပြိုင်ပွဲမှာ လာပြိုင်ဖြစ်သွားတယ်။ သူမမိတ်ကပ်လိမ်းချိန်က မိနစ်၄ဝရှိပါတယ်။ ပုံမှန်အသုံးပြုတဲ့မိတ်ကပ်တွေဖြစ်ပြီး ပစ္စည်း၁၁ခုပါဝင်တယ်။ ချစ်သူပြင်ပေးလိုက်တာက ၁၁မိနစ်ပဲကြာတယ်။
Edက ''သူ့မျက်လုံးကို ကျွန်တော်ချယ်ပေးနေတဲ့အချိန်မှာ လန့်နေတယ်..အဖြူရောင်ထပ်ဆိုးပေးလိုက်ကာမှ ပိုဆိုးသွားတယ်ဗျာ..မိတ်ကပ်အကြောင်း ကျွန်တော်ဘာမှမသိဘူး ပါးနီနဲ့ Highlighter ကိုလည်း ကျွန်တော်ကွဲကွဲပြားပြားမသိဘူး .. နှုတ်ခမ်းနီဆိုးတဲ့အချိန်ပဲ စိတ်ချမ်းသာတယ်.. ကျွန်တော့်ကို ၁ဝနာရီလောက်အချိန်ပေးမယ်ဆိုရင် အကောင်းဆုံးဖြစ်အောင်ပြင်ပေးနိုင်မယ်ထင်တာပဲ။
ချစ်သူပြင်ပေးထားပုံ
ချစ်သူပြင်ပေးထားပုံ
Jess က'' ကျွန်မကို မိတ်ကပ်ပါးပါးပဲလိမ်းဖို့ Edအမြဲပြောတယ်..ပြဿနာက သူ့ကိုယ်တိုင် ဘယ်လိုသဘာဝကျအောင်ပြင်ရမလဲကို မသိတာပဲ။သူ့ဆံပင်ကိုလည်း သူဘာမှသိပ်လုပ်ခဲ့တာမဟုတ်ဘူး..သူပြင်ပေးတာ ဆိုးတော့မဆိုးပါဘူး. မျက်လုံးကိုဆိုးပေးတဲ့အချိန်တုန်းကတော့ ကျွန်မလန့်နေတယ်..ပါးနီအစား highlighter တွေသုံးတယ်။ အပြာရောင် မျက်လုံးဆိုးဆေးတွေလည်း အများကြီးသုံးထားတယ်.. ဘာပဲဖြစ်ဖြစ် သူလည်းသိပ်သိတာမှမဟုတ်တာ ဒီလောက်ပြင်ထားတာပဲ တော်ပါတယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations