

မိကျောင်းတွေက သူတို့ရဲ့သားကောင်ကိုတွေ့ပြီဆိုတာနဲ့ အလွတ်တမ်းမပေး မရ,ရအောင် ကြိုးစား ဖမ်းဆီးပြီးစားသောက်ကြတယ်။ရေတစ်ပိုင်း ကုန်းတစ်ပိုင်းသတ္တဝါဆိုတော့ ရှာဖွေစားသောက်ရတာ သူတို့အတွက်တော့ သိပ်မခက်ခဲဘူး။ဗီဒီယိုထဲမှာတော့ လိပ်ကိုစားချင်ပေမယ့် လိပ်ရဲ့မာကျောတဲ့ အခွံကြောင့် မိကျောင်းမှာအလုပ်တွေရှုပ်နေတယ်။ဒီမှတ်တမ်းကို ဖလော်ရီဒါအနောက်တောင်က ဖာကာဟက်ချီ ဘေးမဲ့တောမှာရိုက်ကူးထားတာဖြစ်ပါတယ်။လိပ်က သဘာဝအရနှေးကွေးတဲ့ သတ္တဝါမို့ မလှုပ်သာပဲ ယက်ကန် ယက်ကန်နဲ့ပေါ့။ ဒီမိကျောင်းနဲ့ ဒီလိပ် ဘယ်လိုနှစ်ပါးသွားမလဲဆိုတာ ဗီဒီယိုကိုသာ နှိပ်ကြည့်လိုက်ပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations