ပျော်ရွှင်စရာကောင်းတဲ့ Relationships ကို ပိုင်ဆိုင်နိုင်ကြပါစေ
ပျော်ရွှင်စရာကောင်းတဲ့ Relationshipတစ်ခုကို မိန်းကလေးတိုင်းလိုချင်ကြပါတယ်။ မိန်းကလေးသဘာဝအရ မိခင်စိတ်,ဓာတ်ခံပါလာပြီးသားမို့ ကိုယ့်ချစ်တဲ့ယောကျ်ားတစ်ယောက်ကို အားလုံးဖြည့်ဆည်းပေးချင်သလို ထိန်းချုပ်ချင်တဲ့စိတ်လေးကလည်း အနည်းအများရှိပါတယ်။ တစ်ယောက်မကြိုက်တာ တစ်ယောက်လုပ်မိသွားရင်လည်း စိတ်ထဲမထားတတ်တဲ့လူရှိသလို တစ်ချို့ကလည်း အစိုင်အခဲတစ်ခုလို ကိန်းအောင်းထားချင်ကြတယ်.. အောက်မှာ သူတို့မကြိုက်တဲ့အချက်လေးတွေကို ဖော်ပြပေးထားပါတယ်။
၁. သူ့ပြသနာတွေကို ဖြေရှင်းပေးဖို့အတင်းကြိုးစားခြင်း
၁. သူ့ပြသနာတွေကို ဖြေရှင်းပေးဖို့အတင်းကြိုးစားခြင်း
ကိုယ့်ကောင်လေးက အလုပ်မှာစိတ်ညစ်စရာပြဿနာတစ်ခုဖြစ်လာတယ်ဆိုပါတော့။သူ့ရဲ့ ပြသနာကို လိုက်ပြီးဖြေရှင်းပေးဖို့မကြိုးစားပါနဲ့။အဲ့လိုလုပ်ပေးရင် သူ့ရဲ့အနာဂတ်အတွက် တာဝန်ယူစရာကိစ္စတွေဆို တွန့်ဆုတ်လာပြီး မဆုံးဖြတ်ချက်မချရဲလောက်အောင် ဖြစ်သွားပါလိမ့်မယ်။ကိုယ်က မိန်းမသားဆိုတာမေ့လို့မဖြစ်ဘူး ... အရာအားလုံးကိုလိုက်ပြီး ဦးဆောင်စီမံစရာမလိုဘူးလေနော်။
၂. တစ်ချိန်လုံးသူ့ကို ဈေးကြီးတဲ့လက်ဆောင်များဝယ်ပေးခြင်း
၂. တစ်ချိန်လုံးသူ့ကို ဈေးကြီးတဲ့လက်ဆောင်များဝယ်ပေးခြင်း
လက်ဆောင်ပေးတယ်ဆိုတာ နှစ်ဦးသားဆက်ဆံရေးကိုပြေပြစ်စေတဲ့ချောဆီဆိုလည်း မမှားပါဘူး။ ကိုယ့်ကောင်လေးကို စျေးကြီးတဲ့လက်ဆောင်ဝယ်ပေးမယ်ဆို အထူးသဖြင့် သူကြိုက်ရဲ့လားဆိုုတာ တွေးရမယ်။နောက်တစ်ချက်က ဒီလက်ဆောင်ကို သူလက်ခံပြီး သူ့ကိုယ်သူခံပြင်းပြီး အသုံးမကျသလို ခံစားမိစေမယ်။ သူလိုချင်တာက ကိုယ့်ဆီကအချစ်တွေပဲဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
၃. သူ့စိတ်ထဲဝမ်းနည်းနေရင် ဖြေသိမ့်ပေးလိုက်ပါ
၃. သူ့စိတ်ထဲဝမ်းနည်းနေရင် ဖြေသိမ့်ပေးလိုက်ပါ
ယောက်ျားတွေက သူတို့ကိုသနားတဲ့မိန်းကလေးမျိုးနဲ့ လက်မတွဲချင်ကြဘူး။ စိတ်ဓာတ်ကျနေချိန်၊စိတ်ညစ်ချိန် သူတို့နားမှာ ကိုယ့်ကိုရှိစေချင်ရုံပါပဲ။ ထက်မြက်တဲ့မိန်းမက ကိုယ့်ချစ်သူတိုးတက်အောင် ဘေးနားကဘဲ ထောက်ပံ့မှုတွေပေးတယ်။ ဒီနည်းလမ်းက ပျော်ရွှင်တဲ့Relationshipတစ်ခုရဲ့ လျှို့ဝှက်ချက်ပါပဲ။
၎."ငါနင့်ကို ဘာပြောလို့လဲ''လို့ ပြောခြင်း
၎."ငါနင့်ကို ဘာပြောလို့လဲ''လို့ ပြောခြင်း
မိန်းမတွေက ''ငါနင့်ကို ဘာပြောလို့လဲ"ဆိုတဲ့စကားကို အရမ်းသုံးကြတယ်။ဒီလိုပြောခြင်းဖြင့် ကိုယ်က ချစ်သူထက်ပိုပြီးထက်မြက်နေကြောင်းပြလိုက်သလိုပါပဲ။ ပြောရမယ်ဆို နားထောင်ကောင်းတဲ့ စကားလုံးမျိုး မရွေးချယ်တတ်တာပေါ့။ယောကျ်ားလေးတွေက သူတို့ချစ်သူအတွက် ဦးဆောင်မှုပေးနိုင်ပြီး အရေးကြီးတဲ့လူတစ်ယောက်အဖြစ်နဲ့သာခံစားချင်ကြပါတယ်။ သင့်ရဲ့သြဇာပါတဲ့စကားလုံးတွေက သင်တို့နှစ်ယောက်ကြားဆက်ဆံရေးကိုအဖုထစ်ဖြစ်စေပါတယ်။
၅. ကိုယ်ပိုင်ဘ၀နဲ့အလုပ်ကို စွန့်လွှတ်
၅.  ကိုယ်ပိုင်ဘ၀နဲ့အလုပ်ကို စွန့်လွှတ်
မိန်းမတွေက ကိုယ့်ချစ်တဲ့လူနဲ့လက်ထပ်လိုက်ပေမယ့် သူငယ်ချင်းနဲ့ကိုုယ့်အသက်မွေးဝမ်းကြောင်း အလုပ်ကို စွန့်လွှတ်လိုက်ဖို့အထိတော့ မတွေးထားဘူး။ဒီလိုကိုယ့်ရဲ့အလုပ်ကိုပဲ ဦးစားပေးနေမယ်ဆိုရင် ကိုယ့်ခင်ပွန်းနဲ့ကလေးအပေါ် အာရုံစိုက်မှုနည်းလာပြီး တစ်နေ့မှာ မိသားစုကိုဆုံးရှုံးလိုက်သရလို ခံစားလာရမယ်။ အခုခေတ်မှာတော့ မိန်းမတော်တော််များများ အလုပ်ထွက််လုပ်ကြတာပါပဲ.. တစ်ချို့ကလည်း ကိုယ့်ခင်ပွန်း၊ ကိုယ့်ကလေးအပေါ်တာဝန်ကျေကြပါတယ်။ ဘာပဲလုပ်လုပ် သင့်တယ်မျှတမှုရှိတာပဲကောင်းတယ်...တစ်ဖက်တည်းကိုပဲ အလွန်ကျွံအားစိုက် ထားခြင်းဟာ အန္တရာယ်များပါတယ်။
၆. ကိုယ့်အသွင်ပြင်ကိုပြောင်းလဲပစ်ခြင်း
၆. ကိုယ့်အသွင်ပြင်ကိုပြောင်းလဲပစ်ခြင်း
မိန်းကလေးတိုင်း ကိုယ့်ချစ်သူအမြင်မှာလှနေချင်တာ သဘာဝပါပဲ။ဒါပေမယ့် ကိုယ့်ချစ်သူက ကိုယ့်အသွင်ပြင်နဲ့ပတ်သတ်ပြီး ပြောင်းလဲဖို့ အတင်းဖိအားပေးနေရင် ၊ ဖြစ်နိုင်ရင် သူနဲ့မတွဲပါနဲ့တော့။ အဲ့လိုပဲ ချစ်သူက ကိုယ့်ကိုတစ်ခုခုတောင်းဆိုလို့ ကိုယ်ကအလွယ်တကူ ခေါင်းညိတ်မိနေသလားဆိုတာ သေချာပြန်စဉ်းစားပါ။ ဒါလေးနဲ့တော့ သင်တို့နှစ်ယောက်ဆက်ဆံရေးကိုအပြတ်ခံချင်မှာမဟုတ်ပါဘူး.. စိတ်ပိုင်းဆိုင်ရာမှာ ဒါဟာအစိုင်ခဲတစ်ခုလိုဖြစ်လာနိုင်ပါတယ်။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations