Me Before You နဲ႔ Game of Thrones ထဲမွ မင္းသမီးေခ်ာ Emilia Clarkeပါ၀င္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္႐ွင္ကားသစ္အျမည္းကို တင္ေပးလိုက္ပါတယ္။
၁၉၅၀ခုႏွစ္ အီတလီက ေက်းရြာေလးတစ္ခုမွာ Clarkeက သူနာျပဳအျဖစ္ တာ၀န္ထမ္းေဆာင္ဖို႔ ေရာက္သြားခဲ့တယ္။အေမျဖစ္သူေသဆံုးသြားတည္းက စကားမေျပာေတာ့တဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ေ၀ဒနာကို ကုစားေပးဖို႔အတြက္ျဖစ္ပါတယ္။ဒါေပမယ့္ ဒီလုိကုစားမႈက ႐ိုး႐ွင္းလြယ္ကူတဲ့အရာေတာ့မဟုတ္ခဲ့ဘူး။႐ုပ္႐ုင္အျမည္းကိုၾကည့္ျခင္းအားျဖင့္ ဇာတ္ကားထဲမွာ သဘာ၀လြန္ျဖစ္ရပ္ေတြပါ၀င္ေရာယွက္ေနတာကို ေတြ႔ရပါတယ္။
ေကာင္ေလးက ေက်ာက္နံရံေတြကေန အသံေတြစၾကားလာရတယ္..ထိုအခ်ိန္ကစျပီး Clarkeလည္း အၾကီးက်ယ္ဒုကၡေရာက္ေတာ့တာပါပဲ။ ဒီ႐ုပ္႐ွင္မွာ ထိတ္လန္႔စရာေကာင္းတဲ့အရာေတြကို အျပည့္၀တင္ဆက္ေပးထားျပီး အီတလီကိုသြားဖို႔အတြက္ သင့္ကိုႏွစ္ခါျပန္စဥ္းစားေစမယ့္ ဇာတ္ကားမ်ဳိးျဖစ္ပါတယ္။
High Snobeity သတင္းအရ ထို႐ုပ္႐ွင္ကို ၂၀၁၇ ဧျပီ ၂၈မွာ စတင္႐ုပ္တင္ျပသေတာ့မွာျဖစ္ပါတယ္။
Me Before You နဲ့ Game of Thrones ထဲမှ မင်းသမီးချော Emilia Clarkeပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားသစ်အမြည်းကို တင်ပေးလိုက်ပါတယ်။
၁၉၅ဝခုနှစ် အီတလီက ကျေးရွာလေးတစ်ခုမှာ Clarkeက သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရောက်သွားခဲ့တယ်။အမေဖြစ်သူသေဆုံးသွားတည်းက စကားမပြောတော့တဲ့ ကောင်လေးတစ်ယောက်ရဲ့ဝေဒနာကို ကုစားပေးဖို့အတွက်ဖြစ်ပါတယ်။ဒါပေမယ့် ဒီလိုကုစားမှုက ရိုးရှင်းလွယ်ကူတဲ့အရာတော့မဟုတ်ခဲ့ဘူး။ရုပ်ရုင်အမြည်းကိုကြည့်ခြင်းအားဖြင့် ဇာတ်ကားထဲမှာ သဘာဝလွန်ဖြစ်ရပ်တွေပါဝင်ရောယှက်နေတာကို တွေ့ရပါတယ်။
ကောင်လေးက ကျောက်နံရံတွေကနေ အသံတွေစကြားလာရတယ်..ထိုအချိန်ကစပြီး Clarkeလည်း အကြီးကျယ်ဒုက္ခရောက်တော့တာပါပဲ။ ဒီရုပ်ရှင်မှာ ထိတ်လန့်စရာကောင်းတဲ့အရာတွေကို အပြည့်ဝတင်ဆက်ပေးထားပြီး အီတလီကိုသွားဖို့အတွက် သင့်ကိုနှစ်ခါပြန်စဉ်းစားစေမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။
High Snobeity သတင်းအရ ထိုရုပ်ရှင်ကို ၂၀၁၇ ဧပြီ ၂၈မှာ စတင်ရုပ်တင်ပြသတော့မှာဖြစ်ပါတယ်။
Facebook Conversations