မီးပွိုင့်မစောင့်ရတော့ဘူးပေါ့



တစ်ချို့လူတွေအိပ်ရာထနောက်ကျလို့ ကျောင်းကို ကမန်းကတန်းရောက်လာတွေမြင်ဖူးမှာပေါ့..။ ဒီတစ်ခါတော့ ထူးခြားသွားပြီ..။ယူကရိန်းမှ ကလေးတစ်ယောက် ကားပါကင်ထဲကနေ အပြေးလွှားထွက်လာတာကိုကြည့်တော့ အနောက်မှာဟယ်လီကော်ပတာ တစ်စီးရပ်ထားတာကို တွေ့လိုက်ရတယ်။

Lipky district of Kiev မြို့ကကျောင်းအပြင်ဘက်မှာ Robinson R22 Beta တစ်စီးရပ်ထားတာဖြစ်ပါတယ်။ လမ်းသွားလမ်းလာလူတွေကလည်း အထူးအဆန်းဝိုင်းကြည့်ကြတယ်..ပုံမှန်ဆိုကျောင်းဂိတ်မှာ ကားတွေပဲရှိတာကိုး။ထိုကောင်လေးအတွက်တော့ အံ့သြစရာဖေဖေပါပဲ။




ကောင်လေးရဲ့အဖေ Andrey Palchevskii ဖြစ်ပြီိး ယူကရိန်းရဲ့အားကစားဝန်ကြီးဖြစ်ပါတယ်။ Mr Palchevskii အတွက် ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှပြောစရာမရှိပေမယ့် လူမှုကွန်ရက်ပေါ်မှာတော့ ထိုအကြောင်းအရာကိုငြင်းခုံနေကြပါတယ််။

တစ်ချို့အပြစ်မြင်သူတွေကလည်း ကလေးကို ကျောင်းထိ ဟယ်လီကော်ပတာလိုက်ပို့ပေးတယ်.. ပျက်စီးအောင်လုပ်နေတာပဲလို့ ၀ိုင်းပြောကြတယ်။

‘Artyon Ulibinက ''မနာလိုမဖြစ်ကြပါနဲ့..ဘာလို့စိတ်အနှောင့်ယှက်ဖြစ်အောင်ပြောနေမှာလဲ.. သူတို့စီးနိုင်လို့ စီးတာပဲ''လို့ပြောပါတယ်။ တစ်ချို့လူတွေက ထိုဟယ်လီကော်ပတာ ဗီဒီယိုက ရုပ်ရှင်ထဲမှာအခန်းကြီးကိုယူသုံးထားတယ်လို့ ပြောတဲ့လူကပြောကြတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations