လှုပ်ရှားလွယ်တဲ့ လူငယ်တွေရဲ့စိတ်ခံစားချက်က အခွင့်ရေးယူချင်သူတွေရဲ့အဓိက ပစ်မှတ်တစ်ခုဖြစ်နေပြီ..



အွန်လိုင်းမှာတွေ့ဆုံပြီး ချစ်ကြိုက်သွားတဲ့ အချစ်ဇာတ်လမ်းတွေအများကြီးကြားမှာပေါ့။ တစ်ချို့ဇာတ်လမ်းတွေက စိတ်ဝင်စားဖို့ကောင်းပြီး အားကျဖို့ကောင်းတယ်..။ ဒါတွေကိုသိလို့ အခွင့်ရေးအသုံးချချင်တဲ့လူတစ်ချို့က လူငယ်တွေရဲ့လှုပ်ရှားလွယ်တဲ့ စိတ်ခံစားချက်ကို အပိုင်ချည်ပြီး အန္တရာယ်များတဲ့အမှောင်ဘက်ကိုခေါ်သွားကြတယ်။

အခုခေတ်မှာ အင်တာနက်ကလူငယ်တွေအပေါ်လွှမ်းမိုးမှုအားများနေပြီး လူငယ်တွေက အခွင့်ရေးယူချင်သူတွေရဲ့သားကောင်ဖြစ်နေရတယ်။ လှုမှုကွန်ရက်ဝက်ဆိုဒ်တွေကို အသုံးပြုဖို့ လူငယ်တွေကအရမ်းတတ်ကြွနေပြီး တကယ်တမ်းလက်တွေ့ဘဝက တန်ဖိုးထားရမယ့်အရာတွေကို မေ့လျော့နေတတ်ကြပါတယ်။ မိဘတိုင်း သားသမီးကိုချစ်တာပါပဲ..ဒါပေမယ့် အချစ်လွန်ပြီး အရမ်းအလိုလိုက်ရင် ကလေးကိုနှစ်သလိုဖြစ်သွားနိုင်ပါတယ်။


ဖေ့စ်ဘုတ် Page UNILAD မှာ မိဘတွေကိုသတိပေးလိုသော စေတနာနဲ့  Kayleighဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုအားတင်ခဲ့ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့အနေထိုင် အပြုအမူတွေကို နှံ့နှံ့စပ်စပ်သိအောင် စောင့်ကြည့်နေဖို့လိုပါတယ်.. လွတ်လပ်ပိုင်ခွင့်ပေးထားသင့်တယ်ဆိုပေမယ့် အတိုင်းတာတစ်ခုထိပဲကောင်းပါတယ်နော်။ မိဘတိုင်း ထိုဗီဒီယိုကိုကြည့်ရှုသင့်ပါတယ်။ ကိုယ့်ကလေးကို ဒီခေတ်ရဲ့မာယာကျော့ကွင်းအောက်မှာ မပိတ်မိစေရန် နိုးနိုးကြားကြားရှိအောင် သင်ကြားပေးကြပါ။ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations