ရိုးရှင်းတဲ့နည်းလမ်းတွေက သင့်ကိုပုံမှန်ဘ၀ကနေ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ပို့ပေးနိုင်ပါလိမ့်မယ်။



တစ်နေ့ထက်တစ်နေ့ အလုပ်တွေပိုကြိုးစားနေပေမယ့် ဘာမှမတိုးတက်လာဘူး။ ကိုယ့်ရောက်နေတဲ့ Level မှာပဲ ပိတ်မိနေတယ်လို့ခံစားနေရတယ်..ရှေ့ဆက်တက်ဖို့ လမ်းတွေ ဆက်မဖောက်မိတော့ဘူး။ကောလိပ်မှာအတူတူတက်ခဲ့တဲ့ သူငယ်ချင်းအချို့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နေပြီ..ကိုယ်ကတော့ သူတို့လိုမဟုတ်သေးဘူး။

ဒီအချက်တွေ ကိုယ်နဲ့ညှိနေပြီဆို ၅နာရီစာအောင်မြင်ခြင်း နည်းနာတွေသင်လိုအပ်နေပြီ။ ကမ္ဘာတစ်ဝှမ်းက အောင်မြင်နေတဲ့လူတွေကိုကြည့်ရအောင်.. Bill Gates,Oprah Winfrey, နဲ့ Mark Zuckerberg တို့ရဲ့ ရိုးရှင်းတဲ့နည်းလမ်းတွေက သင့်ကိုပုံမှန်ဘဝကနေ အောင်မြင်တဲ့လမ်းကြောင်းပေါ်ကို ပို့ပေးနိုင်ပါလိမ့်မယ်။

တစ်ပတ်စာသင်ယူခဲ့သမျှကို အချိန်၅နာရီပေးပြီး ဆင်ခြင်သုံးသပ်.


တစ်ပတ်ကို ၅နာရီပဲအချိန်ပေးပြီး တစ်နာရီစီကို သင်ယူခဲ့သမျှအကြောင်းအရာတွေ ပြန်လည်သုံးသပ်ကြည့်ပါ။ထိုနည်းလမ်းက သင့်ရဲ့သင်ယူမှုပိုင်းဆိုင်ရာကို တိုးတက်စေပြီး အခြားအရာတွေလေ့လာရင်လည်း ခေါင်းထဲမှာမှတ်မိလွယ်စေပါတယ်.

စာဖတ်ခြင်း


အောင်မြင်တဲ့လူတိုင်းစာဖတ်သလို..စာဖတ်ခြင်းက လေ့လာသင်ယူတဲ့အခါမှာလည်း သူများထက် ခေါင်းတစ်လုံးပိုသာနိုင်ပါတယ်။ တစ်ချိန်လုံးကိုယ့်အိတ်ထဲမှာ စာအုပ်လောက်တော့ဆောင်ထားပါ။ အပတ်စဉ် ကိုယ်စာအုပ် ဘယ်နအုပ်ဖတ်မယ်ဆိုတာအစီစဉ်ချပါ။တစ်လပြည့်ရင် ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ကိုသိနိုင်မယ်။အခုခေတ်မှာ ကိုယ်ဖတ်ချင်တဲ့ စာအုပ်အမျိုးစားတွေ အချိန်မရွေးရှာဖွေ ဝယ်ယူလို့ရနေပါပြီ။ Bill Gatesလည်း စာဖတ်ဖို့တိုက်တွန်းထားသူတစ်ယောက်ဖြစ်ပြီး တစ်နှစ်ကို စာအုပ်ပေါင်း ၅ဝဖတ်တယ်လို့ သိရပါတယ်။ သူရဲ့နည်းလမ်းတစ်ခုကို ဒီထဲမှာဖော်ပြပေးလိုက်ပါတယ်။

ပြန်လည်သုံးသပ်


သုံးသပ်ခြင်းက သင်ယူခြင်းရဲ့အဓိကသော့ချက်ပဲ။ လေ့လာခဲ့တဲ့အကြောင်းအရာတွေက အများကြီး..ပြန်လည်သုံးသပ်မှုမရှိရင်..သင့်ရဲ့အရည်သွေးအသစ်တွေအပေါ် သင်ကိုယ်တိုင် ယုံကြည်မှုမရှိ..ဇဝေဇဝါတွေဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့သုံးသပ်မှုကို အချိန်သီးသန့်ပေးနိုင်ဖို့ အရေးကြီးပါတယ်။မဟုတ်ရင် အားလုံးရှုပ်ထွေးလိမ့်မယ်။ ဒီနည်းလမ်းက သင်လက်ရှိလုပ်နေတဲ့ အလုပ်မှာအိုင်ဒီယာအသစ်တွေပေါ်လာနိုင်ပြီး ကိုယ်ရခဲ့တဲ့ သင်ခန်းစာတွေနဲ့ပတ်သတ်ပြီး အခွင့်ရေးတွေပေးစွမ်းနိုင်ပါတယ်။

လက်တွေ့စမ်းသပ်ခြင်း


ဘဝမှာတိုးတက်မှုတွေလိုချင်တယ်ဆို လက်တွေ့စမ်းသပ်နေမှဖြစ်မယ်။ အပတ်စဉ် သီအိုရီအသစ် (သို့)အိုင်ဒီယာတွေကို စမ်းသပ်နိုင်ဖို့အတွက် အချိန်ယူပါ။ ကမ္ဘာမှာကျော်ကြားနေတဲ့ အချို့ထုတ်ကုန်တွေက စမ်းသပ်မှုများစွာကိုရင်ဆိုင်ခဲ့ရတဲ့ ရလဒ်တွေဖြစ်ပါတယ်။အရာတစ်ခုတည်းကို ထပ်ခါထပ်ခါပြုလုပ်မှ တီထွင်မှုဆိုတာဖြစ်လာတာပါ။ သင့်ရဲ့စမ်းသပ်မှုက ကျဆုံးသွားတယ်ဆိုတောင် အဖိုးထိုက်တန်တဲ့သင်ခန်းစာတစ်ခုကို သင်ရလိုက်ပါသေးတယ်။

အလုပ်နဲ့သင်ယူခြင်းကို မရောထွေးလိုက်နဲ့


အလုပ်နဲ့သင်ယူတာကို ရောထွေးဖို့က လွယ်တယ်။အဲ့လိုရောထွေးခြင်းကပဲ သင့်ကိုဘဝမှာ အမြင်ပိတ်အောင်လုပ်လိုက်တာပါ။ တစ်ပတ်မှာနာရီပေါင်း ၄ဝအလုပ်လုပ်ရင် ကျန်ရှိနေတဲ့ အချိန်တွေကို တိုးတက်အောင်လုပ်နိုင်လိမ့်မယ်လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ အဲ့လိုလုပ်နိုင်တဲ့လူက ရှားတယ်။တစ်နေ့ တစ်နေ့ကြုံတွေ့နေရတဲ့ပြသနာတွေကိုပဲ အချိန်ပေးပြီး အာရုံအနောက်ခံနေမှာလား...ဘဝမှာတိုးတက်နိုင်မယ့်အရာတွေကို ကိုယ့်ဘာသာအချိန်ပေးပြီး လေ့လာနေသင့်ပါတယ်။ ၅နာရီစာနည်းနာက သင်ယူခြင်းတွေကို သုံးသပ်ဖို့အတွက်ပဲဖြစ်ပါတယ်။ နေ့စဉ်ရုံးသွားပြီး သင်တစ်ခုခုသင်ယူနိုင်မယ့်အကြောင်းမဟုတ်ပါဘူး။ တိုတောင်းလွန်းတဲ့လူ့ဘဝမှာ သူများအကြောင်းတွေနဲ့ ကိုယ့်ကိုကိုယ် အချိန်ကုန်မခံပဲ အဆက်မပြတ်သင်ယူမှုကိုသာလုပ်နေပါ။

တိုးတက်မှုအပေါ်မှာပဲ အာရုံစိုက်ထားပါ



ကိုယ့်အစွမ်းအစကို ယုံကြည်နေသရွေ့တော့ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ အရည်ချင်းရှိမှလည်း အောင်မြင်တဲ့လူတစ်ယောက်ဖြစ်မှာလေ။ဒါပေမယ့် လေ့လာမှုမရှိပဲနဲ့တော့မရပါဘူး။လတ်တလော ခုလက်ရှိအလုပ်မှာပဲသက်တောင့်သက်သာနေလေ ..အောင်မြင်မှုလမ်းစကဝေးလေ..အမြင်တွေကျဉ်းလာလေပါပဲ။ တစ်ပတ်ကို၅နာရီအချိန်ပေးပြီး သင်ယူဖို့ခက်ခဲနေရင် အောင်မြင်မှုဆိုတာကလည်း သင့်ဆီချက်ချင်း ရောက်လာမှာမဟုတ်ပါဘူး။ ဒီလိုအချိန်ပေးခြင်းကို တစ်နေ့သင်အောင်မြင်လာတဲ့နေ့မှ ကျေးဇူးတင်နေရပါလိမ့်မယ်။

ကမ္ဘာပေါ်က အောင်မြင်နေတဲ့လူတွေရဲ့နည်းလမ်းတွေကို အတုယူပါ..မကြာမီ သူငယ်ချင်းတွေကြားမှာ ကိုယ်ကထိပ်ဆုံးရောက်နေပြီး အောင်မြင်မှုအသီးပွင့်ကိုခံစားနိုင်ပါစေ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations