ကစားကွင်းတွေလည်း လုံခြုံမှုမရှိတော့ဘူး..



ကလေးတွေပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ်ဆော့ကစားဖို့ ခြံကျယ်ကျယ်ရှိတဲ့ အိမ်မျိုးတွေရှားသွားပါပြီ။အခုခေတ်မှာတော့ ကလေးတွေစိတ်ကြိုက်ကစားဖို့အတွက် မြို့တိုင်းလိုလိုမှာ ကစားကွင်းတွေ..ပန်းခြံတွေရှိလာပါပြီ။လူကြီးတွေပါ ကလေးတွေနဲ့အတူ တစ်နေကုန်အေးဆေးစွာ အပန်းဖြေလို့ရလာပါပြီ။

Demi-Mai ဆိုတဲ့ ၂နှစ်ကလေးမလေးနဲ့ အမေ Amy တို့ကို အင်္ဂလန်,Torquay Kitsonပန်းခြံတွင် မသိတဲ့လူဆိုလို့ တစ်ယောက်မှမရှိ။ပန်းခြံသို့ သူတို့မကြာခဏရောက်လာပြီး ကလေးက ကစားကွင်းမှာပတ်ဆော့တယ်။အမေလုပ်သူကတော့ ကလေးပျော်ရွင်စွာ ကစားနေလို့ စိတ်ချမ်းသာနေတာပေါ့။





ကလေး ကစားပြီးပြန်ရောက်လာတော့ ခြေထောက်မှာသွေးတွေစီးကျနေတာတွေ့လိုက်ရတယ်။ ကလေးကို ဆေးရုံခေါ်သွားတော့ ကလေးမလေးဖန်အကွဲစနဲ့ ရှမိတာလို့ဆရာဝန်ကပြောပါတယ်။ ဒဏ်ရာကိုချုပ်ဖို့မလိုအပ်ပေမယ့် ဒဏ်ရာသက်သာဖို့တော့ အချိန်လိုပါဦးမယ်။

ထိုဖန်ကွဲစက လူတစ်ယောက်ယောက် မဆင်မခြင်လာထားသွားတာဖြစ်နိုင်တယ်လို့ အမေဖြစ်သူကဆိုပါတယ်.။ကစားကွင်းမှာလာဆော့တဲ့အခြားကလေးတွေနဲ့ မိဘတွေကိုလည်း အန္တရာယ်ရှိကြောင်း သူမသတိပေးလိုက်တယ်။

Amy က ''ကလေးတွေဆော့တဲ့ကစားကွင်းမှာ ဒီလိုမျိုးလာလုပ်ထားတာ ဒေါသထွက်တယ်.. ကျွန်မသမီးဖြစ်သွားတာကို နမူနာယူပြီး အခြားကလေးတွေလည်းထိခိုက်မှုမဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်"လို့ပြောပါတယ်။

ကစားကွင်းကတာဝန်ရှိသူတွေကို ဆက်သွယ်ပြီး ထိုဖန်ကွဲစကိုဖယ်ရှားပေးဖို့ Amyပြောခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations