ပူပင္ေၾကာင့္ၾကမႈေတြ ေလ်ာ့က်ေစမယ့္ နည္းလမ္းေလးေတြေဖာ္ျပေပးလိုက္ပါတယ္.

အရမ္းခ်စ္ရတဲ့သူနဲ႔လမ္းခဲြရတာ အလြန္ခက္ခဲပါတယ္။

သင္တို႔လမ္းခဲြလိုက္တဲ့ေန႔ကစျပီး အိပ္မေပ်ာ္တဲ့ညေတြဘယ္နရက္ဆက္တိုက္႐ွိေနျပီလဲ ?

တစ္ေယာက္နဲ႔ တစ္ေယာက္ေက်ာခိုင္းလိုက္တည္းက နာက်င္ရတဲ့ရက္ေတြဘယ္နရက္႐ွိေနျပီလဲ ?

အတိတ္မွာပဲကိုယ့္ကိုကိုယ္ပိတ္ေလွာင္ထားျပီး ေ႐ွ႕ဆက္တိုးမရျဖစ္ေနျပီလား ?

သင္ေမ့ခ်င္တယ္ဟုတ္..ျပီးေတာ့ ခြင့္လည္းလႊတ္ခ်င္တယ္..ဒါေပမယ့္ သင္မတတ္ႏိုင္ဘူးျဖစ္ေနတယ္။ အတိတ္ကအေကာင္းဆံုးအမွတ္တရေတြကို ေမ့ေပ်ာက္ႏိုင္လိမ့္မယ္လို႔ သင္ထင္လိမ့္မယ္။ ဒါေပမယ့္ သင္တို႔ႏွစ္ေယာက္အတူသြားခဲ့ေနရာေတြကိုျပန္ေရာက္ရင္ ေရြေရာင္ေန႔ရက္ေဟာင္းေတြက သင့္စိတ္ထဲျပန္ေပၚလာျပီး မ်က္ရည္ေတြအျဖစ္စီးဆင္းသြားျပန္ေရာ။

အဲ့ဒီအရာေတြကို ဒီတိုင္းပထုတ္လိုက္ဖို႔က မလြယ္ကူပါဘူး။ပူပင္ေၾကာင့္ၾကမႈေတြ ေလ်ာ့က်ေစမယ့္  နည္းလမ္းေလးေတြေဖာ္ျပေပးလိုက္ပါတယ္။

ဆြစ္ဇာလန္ စိတ္ပညာ႐ွင္ Elisabeth Kübler-Rossက သူမရဲ႕ စာအုပ္ On Death and Dying (1969)မွာ စိတ္ပူပင္မႈေလ်ာ့က်နည္း ငါးမ်ဳိးကိုမိတ္ဆက္ေပးခဲ့တယ္။အစပိုင္းမွာေတာ့ သူမစာအုပ္ေတြက ေနာက္ဆံုးအဆင့္လူနာေတြအတြက္ ရည္ရြယ္ျပီးထုတ္ေ၀ခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ စိုးရိမ္ပူပင္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရတဲ့လူူေတြရဲ႕ အက်င့္စ႐ိုက္နဲ႔ဆက္စပ္သည့္ စာအုပ္ေတြထုတ္ေ၀ခဲ့တယ္။

အရမ်းချစ်ရတဲ့သူနဲ့လမ်းခွဲရတာ အလွန်ခက်ခဲ့ပါတယ်။

သင်တို့လမ်းခွဲလိုက်တဲ့နေ့ကစပြီး အိပ်မပျော်တဲ့ညတွေဘယ်နရက်ဆက်တိုက်ရှိနေပြီလဲ ?

တစ်ယောက်နဲ့ တစ်ယောက်ကျောခိုင်းလိုက်တည်းက နာကျင်ရတဲ့ရက်တွေဘယ်နရက်ရှိနေပြီလဲ ?

အတိတ်မှာပဲကိုယ့်ကိုကိုယ်ပိတ်လှောင်ထားပြီး ရှေ့ဆက်တိုးမရဖြစ်နေပြီလား ?

သင်မေ့ချင်တယ်ဟုတ်..ပြီးတော့ ခွင့်လည်းလွှတ်ချင်တယ်..ဒါပေမယ့် သင်မတတ်နိုင်ဘူးဖြစ်နေတယ်။ အတိတ်ကအကောင်းဆုံးအမှတ်တရတွေကို မေ့ပျောက်နိုင်လိမ့်မယ်လို့ သင်ထင်လိမ့်မယ်။ ဒါပေမယ့် သင်တို့နှစ်ယောက်အတူသွားခဲ့နေရာတွေကိုပြန်ရောက်ရင် ရွေရောင်နေ့ရက်ဟောင်းတွေက သင့်စိတ်ထဲပြန်ပေါ်လာပြီး မျက်ရည်တွေအဖြစ်စီးဆင်းသွားပြန်ရော။

အဲ့ဒီအရာတွေကို ဒီတိုင်းပထုတ်လိုက်ဖို့က မလွယ်ကူပါဘူး။ပူပင်ကြောင့်ကြမှုတွေ လျော့ကျစေဖို့ နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။

ဆွစ်ဇာလန် စိတ်ပညာရှင် Elisabeth Kübler-Rossက သူမရဲ့ စာအုပ် On Death and Dying (1969)မှာ စိတ်ပူပင်မှုလျော့ကျနည်း ငါးမျိုးကိုမိတ်ဆက်ပေးခဲ့တယ်။အစပိုင်းမှာတော့ သူမစာအုပ်တွေက နောက်ဆုံးအဆင့်လူနာတွေအတွက် ရည်ရွယ်ပြီးထုတ်ဝေခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ စိုးရိမ်ပူပင်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့လူူတွေရဲ့ အကျင့်စရိုက်နဲ့ဆက်စပ်သည့် စာအုပ်တွေထုတ်ဝေလာတယ်။

၁.ျငင္းဆန္ျခင္း (မျဖစ္ႏိုုင္ပါဘူး )

Relationshipတစ္ခုျပတ္တဲ့အခါ လက္႐ွိအေျခအေနမွန္ကို ျငင္းဆန္ခ်င္တယ္။နာက်င္မႈဒဏ္ကိုခံစားဖို႔ သင့္အေနနဲ႔အဆင္သင့္မျဖစ္ေသးဘူး။ အရာအားလံုးအဆင္ေျပသလို သင္ဟန္ေဆာင္မိေနလိမ့္မယ္..ဒါေပမယ့္ စိတ္ထဲမွာေတာ့ ဘာျဖစ္ေနလဲဆိုတာ သင္ကိုယ္တိုင္အသိဆံုးပါ။

ကုိယ္ခ်စ္ရတဲ့လူကို ဆံုး႐ံႈးတဲ့အခါ အမွန္တရားကိုလက္ခံႏိုင္ေအာင္ၾကိဳးစားပါ။

* အရာအားလံုးကေျပာင္းလဲေနတာလုိ႔ ေန႔တိုင္းကိုယ့္ကိုကုိယ္သတိေပးပါ

* အရင္တိုင္းဖုန္းေခၚတာ၊မက္ေဆ့ခ်္ပို႔တတ္တဲ့ အက်င့္ေတြကိုရေအာင္ေဖ်ာက္ပါ

* အရမ္း၀မ္းနည္းလာတဲ့အခါ စိတ္လြတ္ကိုယ္လြတ္ ငိုလိုက္ပါ

* အမွန္တရားကိုလက္ခံႏုိင္ေအာင္ ႐ွင္းျပေပးႏိုင္တဲ့လူတစ္ေယာက္နဲ႔ေတြ႔ပါ

* ေန႔တိုင္းကိုယ္ခံစားရသမွ်ကို ဒိုင္ယာရီမွာခ်ေရးပါ

Relationshipတစ်ခုပြတ်တဲ့အခါ လက်ရှိအခြေအနေမှန်ကို ငြင်းဆန်ချင်တယ်။နာကျင်မှုဒဏ်ကိုခံစားဖို့ သင့်အနေနဲ့အဆင်သင့်မဖြစ်သေးဘူး။ အရာအားလုံးအဆင်ပြေသလို သင်ဟန်ဆောင်မိနေလိမ့်မယ်..ဒါပေမယ့် စိတ်ထဲမှာတော့ ဘာဖြစ်နေလဲဆိုတာ သင်ကိုယ်တိုင်အသိဆုံးပါ။

ကိုယ်ချစ်ရတဲ့လူကို ဆုံးရှုံးတဲ့အခါ အမှန်တရားကိုလက်ခံနိုင်အောင်ကြိုးစားပါ။

* အရာအားလုံးကပြောင်းလဲနေတာလို့ နေ့တိုင်းကိုယ့်ကိုကိုယ်သတိပေးပါ

* အရင်တိုင်းဖုန်းခေါ်တာ၊မက်ဆေ့ချ်ပို့တတ်တဲ့ အကျင့်တွေကိုရအောင်ဖျောက်ပါ

* အရမ်းဝမ်းနည်းလာတဲ့အခါ စိတ်လွတ်ကိုယ်လွတ် ငိုလိုက်ပါ

* အမှန်တရားကိုလက်ခံနိုင်အောင် ရှင်းပြပေးနိုင်တဲ့လူတစ်ယောက်နဲ့တွေ့ပါ

* နေ့တိုင်းကိုယ်ခံစားရသမျှကို ဒိုင်ယာရီမှာချရေးပါ

၂.စိတ္ဆိုးျခင္း (ဘာလို႔ ငါ့ကုိမွသူလုပ္ရက္ရတာလဲ)

အမွန္တရားက သင္တို႔ရဲ႕အမွတ္တရေတြကို ေ၀၀ါးေအာင္လုပ္ပစ္လိမ့္မယ္.. အသည္းကဲြဒဏ္ကို တႏုတ္ႏုတ္နဲ႔ခံစားေနရမယ္။ထိုအသည္းကဲြဒဏ္က ဦးတည္ခ်က္လဲြျပီိး စိတ္ထြက္ေပါက္အေနနဲ႔ ေပါက္ကဲြတာမ်ဳိးေတြျဖစ္သြားတတ္တယ္။ ကိုယ္နာက်င္တာကိုေျဖသိမ့္ဖို႔ ပတ္၀န္းက်င္မွာ႐ွိသမွ်လူေတြအားလံုးကို ပတ္ရမ္းမိသြားမယ္။သူတို႔က သင္ေဒါသထြက္သင့္တဲ့ လူေတြမဟုတ္ဘူးဆိုတာ သင္သိေပမယ့္ စိတ္ခံစားခ်က္ကို မထိန္းခ်ဳပ္ႏိုင္ျဖစ္ေနမယ္။

သင္လိုအပ္ေနတာက ခြင့္လႊတ္ျခင္းပါပဲ

* လမ္းခဲြလုိက္တဲ့အတြက္ သင္တို႔ႏွစ္ေယာက္လံုးမွာတာ၀န္႐ွိမွန္းသိေနရမယ္

* ဘယ္သူမွျပည့္စံုတယ္ဆိုတာမ႐ွိဘူးလို႔မွတ္ယူထားရင္ ကိုယ့္ကိုကိုယ္ခြင့္လႊတ္တတ္သြားမယ္

* ဒီလိုခံစားေနရတာ သင့္တစ္ေယာက္တည္းမဟုတ္ပါဘူး

* အားကစားလုပ္ျခင္းနဲ႔လည္း သင့္စိတ္ကုိႏွစ္သိမ့္ႏိုင္ပါတယ္

အမှန်တရားက သင်တို့ရဲ့အမှတ်တရတွေကို ဝေ၀ါးအောင်လုပ်ပစ်လိမ့်မယ်.. အသည်းကွဲဒဏ်ကို တနုတ်နုတ်နဲ့ခံစားနေရမယ်။ထိုအသည်းကွဲဒဏ်က ဦးတည်ချက်လွဲပြီိး စိတ်ထွက်ပေါက်အနေနဲ့ ပေါက်ကွဲတာမျိုးတွေဖြစ်သွားတတ်တယ်။ ကိုယ်နာကျင်တာကိုဖြေသိမ့်ဖို့ ပတ်ဝန်းကျင်မှာရှိသမျှလူတွေအားလုံးကို ပတ်ရမ်းမိသွားမယ်။သူတို့က သင်ဒေါသထွက်သင့်တဲ့ လူတွေမဟုတ်ဘူးဆိုတာ သင်သိပေမယ့် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဖြစ်နေမယ်။

သင်လိုအပ်နေတာက ခွင့်လွှတ်ခြင်းပါပဲ

* လမ်းခွဲလိုက်တဲ့အတွက် သင်တို့နှစ်ယောက်လုံးမှာတာဝန်ရှိမှန်းသိနေရမယ်

* ဘယ်သူမှပြည့်စုံတယ်ဆိုတာမရှိဘူးလို့မှတ်ယူထားရင် ကိုယ့်ကိုကိုယ်ခွင့်လွှတ်တတ်သွားမယ်

* ဒီလိုခံစားနေရတာ သင့်တစ်ယောက်တည်းမဟုတ်ပါဘူး

* အားကစားလုပ်ခြင်းနဲ့လည်း သင့်စိတ်ကိုနှစ်သိမ့်နိုင်ပါတယ်

၃.ျဖည့္ေတြးျခင္း (ငါတို႔တစ္ခါေလာက္ပဲ ထပ္ၾကိဳးစားၾကည့္ရေအာင္)

ထိုအသိက သင့္ကိုေက်ာက္ကမ္းပါးအစြန္ဖ်ားဆီတြန္းပို႔ေနသလို ခံစားေနရျပီဆိုရင္ လြတ္ေျမာက္ဖို႔အတြက္ သင္႐ုန္းကန္ၾကိဳးစားေတာ့မယ္။ဒီအေျခအေနကို ေျပာင္းလဲႏုိင္ဖို႔အတြက္ သင္ဘာမျမင္ဖို႔ဘဲ လုပ္ခ်င္ရာလုပ္မိလိမ့္မယ္။ သူျပန္လာေအာင္ နည္းလမ္းေပါင္းစံုသင္သံုးမိမယ္။ ဘာလို႔ဆို သင္နာက်င္မႈကိုမခံစားႏိုင္ေတာ့လို႔ေလ။

အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဒီလိုမ်ဳိးမျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းေနမိလိမ့္မယ္.. ဒီတိုင္းပဲ သင္လက္လႊတ္လိုက္တာပိုေကာင္းပါတယ္။

* သူနဲ႔ပတ္သတ္တဲ့အေၾကာင္းအရာတစ္ခုခုမေတြ႔မိေအာင္ အင္တာနက္မသံုးပါနဲ႔

* သင္တို႔ႏွစ္ေယာက္ ျပန္မတဲြႏိုင္ေတာ့ဘူးဆိုတာကို ရဲရဲၾကီးလက္ခံလိုက္ပါ

* သူျပန္လာေအာင္ ဘာမွမလုပ္ပါနဲ႔ေတာ့

* သင္တစ္ေယာက္တည္းလည္း ရပ္တည္ႏိုင္ပါတယ္

ထိုအသိက သင့်ကိုကျောက်ကမ်းပါးအစွန်ဖျားဆီတွန်းပို့နေသလို ခံစားနေရပြီဆိုရင် လွတ်မြောက်ဖို့အတွက် သင်ရုန်းကန်ကြိုးစားတော့မယ်။ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့အတွက် သင်ဘာမမြင်ဖို့ဘဲ လုပ်ချင်ရာလုပ်မိလိမ့်မယ်။ သူပြန်လာအောင် နည်းလမ်းပေါင်းစုံသင်သုံးမိမယ်။ ဘာလို့ဆို သင်နာကျင်မှုကိုမခံစားနိုင်တော့လို့လေ။

အချိန်တော်တော်များများမှာ ဒီလိုမျိုးမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေမိလိမ့်မယ်.. ဒီတိုင်းပဲ သင်လက်လွှတ်လိုက်တာပိုကောင်းပါတယ်။

* သူနဲ့ပတ်သတ်တဲ့အကြောင်းအရာတစ်ခုခုမတွေ့မိအောင် အင်တာနက်မသုံးပါနဲ့

* သင်တို့နှစ်ယောက် ပြန်မတွဲနိုင်တော့ဘူးဆိုတာကို ရဲရဲကြီးလက်ခံလိုက်ပါ

* သူပြန်လာအောင် ဘာမှမလုပ်ပါနဲ့တော့

* သင်တစ်ယောက်တည်းလည်း ရပ်တည်နိုင်ပါတယ်

၄.စိတ္ဓာတ္က်ျခင္း (အားလံုးျပီးသြားျပီ )

သင့္ေမွ်ာ္လင့္ထားသလို ဘာမွလုပ္လို႔မရေတာ့ဘူးဆိုတာကို ေနာက္ဆံုးနားလည္လာလိမ့္မယ္။ တကယ္စိတ္ဓာတ္က်လာမယ္..တစ္ခ်ိန္လံုးပင္ပန္းႏြမ္းလ်ေနမယ္..ဘာမွလုပ္ခ်င္ ကိုင္ခ်င္စိတ္မ႐ွိဘူး..မိသားစု၊သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆံုဖို႔ုျငင္းဆန္မယ္။ တစ္ခ်ဳိ႔ဆို ဘာမွမစားႏိုင္ မေသာက္ႏိုင္.. တစ္ခ်ဳိ႕ဆို တစ္ခ်ိန္လံုးစားေနတာေတြလည္း ျမင္ဖူးတယ္။ေမွ်ာ္လင့္ခ်က္မဲ့ျခင္းက သင့္ကိုေ႐ွ႔ဆက္မတတ္ႏိုင္ေအာင္လုပ္မယ္။

ဒါကိုလြယ္ကူတယ္လုိ႔ ဘယ္သူမွမေျပာဘူး..ဒါေပမယ့္ အရမ္းေနာက္မက်ခင္ သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာ အေျခအေနကုိ ကုစားဖို႔လိုျပီေနာ္။

* အေပါင္းလကၡဏာေဆာင္တဲ့လူေတြနဲ႔ ေတြ႔ဆံုပါ

* အလုပ္အရမ္းပိတဲ့အခါ နားလိုက္ပါ

* နားေထာင္ေပးဖို႔ ဆႏၵ႐ွိသူနဲ႔ စကားေျပာပါ

* အေဆြးသီခ်င္း နားေထာင္(အေဆြးသီခ်င္းက အသည္းကဲြေနသူကိုႏွစ္သိမ့္ေပးႏိုင္တယ္ဟု သိပံၸပညာ႐ွင္မ်ား ေျပာၾကား)

သင့်မျှော်လင့်ထားသလို ဘာမှလုပ်လို့မရတော့ဘူးဆိုတာကို နောက်ဆုံးနားလည်လာလိမ့်မယ်။ တကယ်စိတ်ဓာတ်ကျလာမယ်..တစ်ချိန်လုံးပင်ပန်းနွမ်းလျနေမယ်..ဘာမှလုပ်ချင် ကိုင်ချင်စိတ်မရှိဘူး..မိသားစု၊သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ုငြင်းဆန်မယ်။ တစ်ချို့ဆို ဘာမှမစားနိုင် မသောက်နိုင်.. တစ်ချို့ဆို တစ်ချိန်လုံးစားနေတာတွေလည်း မြင်ဖူးတယ်။မျှော်လင့်ချက်မဲ့ခြင်းက သင့်ကိုရှေ့ဆက်မတတ်နိုင်အောင်လုပ်မယ်။

ဒါကိုလွယ်ကူတယ်လို့ ဘယ်သူမှမပြောဘူး..ဒါပေမယ့် အရမ်းနောက်မကျခင် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကုစားဖို့လိုပြီနော်။

* အပေါင်းလက္ခဏာဆောင်တဲ့လူတွေနဲ့ တွေ့ဆုံပါ

* အလုပ်အရမ်းပိတဲ့အခါ နားလိုက်ပါ

* နားထောင်ပေးဖို့ ဆန္ဒရှိသူနဲ့ စကားပြောပါ

* အဆွေးသီချင်း နားထောင်(အဆွေးသီချင်းက အသည်းကွဲနေသူကိုနှစ်သိမ့်ပေးနိုင်တယ်ဟု သိပ္ပံပညာရှင်များ ပြောကြား)

၅.လက္ခံျခင္း (အိုေက..ငါၾကိဳးစားမယ္)

အခုအျငိမ္ပိုင္းကိုေရာက္ခါနီးျပီ။ သင္ျဖစ္သမွ်အရာတိုင္းကို စတင္လက္ခံလာႏိုင္တဲ့အခါ စိတ္ပူပင္မႈေတြကို ျငိမ္းသြားႏိုင္ပါလိမ့္မယ္။ ဒီအဆင့္ေရာက္ျပီဆို သင့္လံုး၀ေပ်ာ္ရြင္သြားျပီလို႔ အာမ,မခံႏိုင္ေပမယ့္ ေရာင္ျခည္တန္းတစ္ခ်ဳိ႕သင့္ဆီက်ေရာက္လာပါလိမ့္မယ္..။ ထုိေရာင္ျခည္တန္းက သင့္ကိုေနရာမွန္ေရာက္ေအာင္ျပန္္ပို႔ေပးလိမ့္မယ္။ အဲ့ဒီအခါ ဘ၀မွာငါလုပ္စရာေတြအမ်ားၾကီး႐ွိေသးတယ္လို႔ နားလည္လာမယ္။

အရင္အမွတ္တရေတြကို သင့္စိတ္ထဲကေနထုတ္ပစ္သြားႏိုင္မယ္

* ဓာတ္ပံုေဟာင္းေတြကို ျပန္မေတြ႔ႏိုင္တဲ့ေနရာဆီ ၀ဲလိုက္ပါ

* သင့္ကိုအနာေဟာင္းကိုျပန္ဆြႏိုင္မယ့္ ေနရာေတြဆီမသြားပါနဲ႔

* လက္လႊတ္လိုက္ျခင္းရဲ႕ ရလဒ္ကိုေသခ်ာခံစားၾကည့္

* သူငယ္ခ်င္းအျဖစ္သူနဲ႔ေနႏိုင္တယ္ဆို ျပန္ဆက္သြယ္ၾကည့္ပါ

* အခ်ိန္သာေပးလိုက္ရင္ အရာအားလံုးအဆင္ေျပသြားလိမ့္ဆိုတာကို ယံုၾကည္ထားပါ

လူတိုင္း ၾကာ႐ွည္ခိုင္ျမဲတဲ့ Relationship ကိုလုိခ်င္ပါတယ္။ဘ၀မွာဘာပဲျဖစ္ေနပါေစ အနားမွာ မခဲြမခြာေနေပးမယ့္လူမ်ဳိးကို လိုခ်င္မိလိမ့္မယ္။ဆုပ္ကိုင္ထားခ်င္မိတယ္။ ဒါေပမယ့္ ဆုပ္ကိုင္ထားမယ့္အစား လက္လႊတ္လိုက္တာက သင့္ကိုပိုျပီး စိတ္ဓာတ္ခိုင္မာတဲ့လူအျဖစ္ေျပာင္းလဲသြားေစႏိုင္ပါတယ္။ အနာဂတ္ကိုၾကည့္လိုက္ပါ... သင္ဘယ္ေလာက္ရင့္က်က္ေနျပီလဲဆိုတာ အံ့ၾသသြားပါလိမ့္မယ္။

အခုအငြိမ်ပိုင်းကိုရောက်ခါနီးပြီ။ သင်ဖြစ်သမျှအရာတိုင်းကို စတင်လက်ခံလာနိုင်တဲ့အခါ စိတ်ပူပင်မှုတွေကို ငြိမ်းသွားနိုင်ပါလိမ့်မယ်။ ဒီအဆင့်ရောက်ပြီဆို သင့်လုံးဝပျော်ရွင်သွားပြီလို့ အာမ,မခံနိုင်ပေမယ့် ရောင်ခြည်တန်းတစ်ချို့သင့်ဆီကျရောက်လာပါလိမ့်မယ်..။ ထိုရောင်ခြည်တန်းက သင့်ကိုနေရာမှန်ရောက်အောင်ပြန််ပို့ပေးလိမ့်မယ်။ အဲ့ဒီအခါ ဘဝမှာငါလုပ်စရာတွေအများကြီးရှိသေးတယ်လို့ နားလည်လာမယ်။

အရင်အမှတ်တရတွေကို သင့်စိတ်ထဲကနေထုတ်ပစ်သွားနိုင်မယ်

* ဓာတ်ပုံဟောင်းတွေကို ပြန်မတွေ့နိုင်တဲ့နေရာဆီ ဝဲလိုက်ပါ

* သင့်ကိုအနာဟောင်းကိုပြန်ဆွနိုင်မယ့် နေရာတွေဆီမသွားပါနဲ့

* လက်လွှတ်လိုက်ခြင်းရဲ့ ရလဒ်ကိုသေချာခံစားကြည့်

* သူငယ်ချင်းအဖြစ်သူနဲ့နေနိုင်တယ်ဆို ပြန်ဆက်သွယ်ကြည့်ပါ

* အချိန်သာပေးလိုက်ရင် အရာအားလုံးအဆင်ပြေသွားလိမ့်ဆိုတာကို ယုံကြည်ထားပါ

လူတိုင်း ကြာရှည်ခိုင်မြဲတဲ့ Relationship ကိုလိုချင်ပါတယ်။ဘဝမှာဘာပဲဖြစ်နေပါစေ အနားမှာ မခွဲမခွာနေပေးမယ့်လူမျိုးကို လိုချင်မိလိမ့်မယ်။ဆုပ်ကိုင်ထားချင်မိတယ်။ ဒါပေမယ့် ဆုပ်ကိုင်ထားမယ့်အစား လက်လွှတ်လိုက်တာက သင့်ကိုပိုပြီး စိတ်ဓာတ်ခိုင်မာတဲ့လူအဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်။ အနာဂတ်ကိုကြည့်လိုက်ပါ... သင်ဘယ်လောက်ရင့်ကျက်နေပြီလဲဆိုတာ အံ့သြသွားပါလိမ့်မယ်။

Buzzy Team မွ စီစဥ္တင္ဆက္ေသာ buzzy.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Facebook Conversations