ဒီလိုပြည့်စုံတဲ့ဓာတ်ပုံတွေကိုရိုက်ဖို့ အပေါ်ယံလောက်ပဲအားထုတ်ခဲ့ရတယ်လို့ထင်ချင်ထင်လိမ့်မယ်။ တကယ်တော့ လက်တွေ့မှာအဆပေါင်းများစွာ ထိုနေရာကအေးပါတယ်။နှစ်တိုင်း Iceland အရှေ့ပိုင်းက Vatnajokull ပန်းခြံဟာ သဘာတရားကဖန်တီးပေးတဲ့ ရေခဲလှိုဏ်ဂူတွေနဲ့ အလွန်လှပလာတယ်။
ဆောင်းရာသီဆို Vatnajokull အောက်ဘက်မှာ သဘာဝတိုင်းမြစ်ရေတွေစီးဆင်းနေပြီး လှိုဏ်ဂူကြီးအလှကို လူတွေခံစားနိုင်ဖို့ နေရာလွတ်တစ်ခုရှိနေတယ်။ ဆောင်းရာသီလတွေဆို ထိုလှိုဏ်ဂူတွေပေါ်လာရင် စွန့်စားချင်တဲ့လူတွေအတွက် အ့ံကိုက်ပါပဲ။အီတလီမြောက်ပိုင်း Castellanza မှ ဓာတ်ပုံဆရာ Marco Bottigelli ဟာ သဘာဝတိုင်းလှနေတဲ့ ထိုရေခဲလှိုဏ်ဂူကြီးတွေရှိရာကို အလည်ပတ်သွားဖို့ ကံအကောင်းဆုံးလူပါပဲ။
"Iceland က ကျွန်တော်သွားဖူးတဲ့နေရာတွေထဲမှာ အလှဆုံးပဲ''လို့ သူကဆိုပါတယ်။ ''အရမ်းဝေးပေမယ့် အဲ့နေရာကို ကျွန်တော်၈ခေါက်လောက်ရောက်ဖူးတယ်..တူညီတဲ့ ဓာတ်ပုံတွေနဲ့တော့ ကျွန်တော်လုံးဝအိမ်မပြန်ဘူး..ရေခဲလှိုဏ်ဂူကြီးတွေက အဓိကပဲပေါ့..Icelandကို ဆောင်းရာသီမှာ ဓာတ်ပုံရိုက်ဖို့သွားမယ်ဆို အကောင်းဆုံးအချိန်ပဲ'' တော်တော်ကိုလှပါတယ််။
Marcoဟာ လွန်ခဲ့တဲ့ ၂နှစ်ကလည်း လှိုဏ်ဂူကြီးတွေဆီကိုအလည်သွားခဲ့တယ်။ဓာတ်ပုံကောင်းတစ်ခုထွက်ဖိုု့အတွက် အချိန်ပေါင်းများစွာကုန်ဆုံးခဲ့တယ်။"လှိုဏ်ဂူထဲကိုရောက်သွားရင် ကလေးဘဝတုန်းက အရုပ်နဲ့ကစားရသလိုခံစားရတယ်''လို့Marcoကပြောပါတယ််။
''လှိုဏ်ဂူအတွင်းထဲကို လျှောက်လေ..ပိုမှောင်လေ ကွဲပြားမှုကိုပိုသိလာလေပါပဲ..အဝင်ဝမှာတည်းက စိတ်ကိုညှိ့ယူထားသလိုခံစားရတယ်..အပြင်ကအလင်းရောင်တွေကျန်ခဲ့တဲ့ အချိန်မှာ အပြာရောင်လေးတွေ ဖြာထွက်လာတာကိုမြင်ရလိမ့်မယ်''
''နှစ်တိုင်း ရေခဲလှိုဏ်ဂူတွေကကွဲပြားမှုရှိတယ်။တစ်ခါတစ်လေ ရေခဲတောင်ကြီးတွေပေါ်တက်ရမယ်..တစ်ခါတစ်လေကြတော့လည်း သွားရတာလွယ်ကူတယ် '' ဒါပေမယ့်လည်း အလှတစ်မျိုးစီကို မရိုးနိုင်အောင်ဖော်ပြနေပါတယ်။Marcoက သူ့ပုံတွေကိုကြည့်ရှုသူအား အမှတ်ရနေစေချင်တယ်။ နှစ်တိုင်း ရေခဲပြင်တွေရဲ့ပြောင်းလဲမှုက လူတိုင်းကိုညှိ့ယူဖမ်းစားထားနိုင်မြဲပါ။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations