သူမခန္ဓာကိုယ်ကို စိတ်ကြိုက်လုပ်ဆောင်နိုင်ဖို့အတွက် ကျည်ဆန်တစ်ခုပါတဲ့ ပစ္စတိုသေနတ် အပါအ၀င် ပစ္စည်းအမျိုးအစား ၇၂မျိုး ချပေးထားပါတယ်.
Marina Abramovic ဟာ အနုပညာသည်တစ်ဦးဖြစ်ပါတယ်။သူမကအနုပညာသည်တစ်ယောက်ကို ၆နာရီအတွင်း ဘာမဆိုလုပ်ခွင့်ရမယ်ဆို လူတွေဘာလုပ်ကြမလဲဆိုတာသိချင်လို့ သူမစမ်းသပ်ခဲ့တယ်။
လူတွေဆန္ဒရှိတဲ့အတိုင်း သူမခန္ဓာကိုစိတ်ကြိုက်လုပ်လို့ရအောင် ပစ္စည်းရ၂မျိုးချပေးထားတယ်။ သူတို့လုပ်သမျှအတွက်တော့ တာဝန်ယူရမယ်လို့ သူမကပြောထားပါတယ်။
အရင်ဆုံး လူတွေက သူမကိုပြက်ရယ်ပြုကြတယ်။သူမနေရာအနေထားကိုပြောင်းတယ်..လက်မောင်းကို မတင်တယ်..သူမမျက်နှာနဲ့အခြားနေရာတွေကို ပေါက်ကရစာတွေလျှောက်ရေးတယ်။
တခဏတာကြာပြီးနောက် အခြေအနေကပိုဆိုးသွားတယ်..သူမကိုအန္တရာယ်ရှိတဲ့အရာတွေနဲ့ မျိုးစုံလုပ်ပါတော့တယ်။
လူတစ်ယောက်ဆို သူမလည်ပင်းကိုဓားနဲ့ခြစ်သွားတယ်..နောက်တစ်ယောက်ကလည်း သူမလက်ထဲသေနတ်ထည့်ပေးပြီး ကိုယ့်ကိုကိုယ်ချိန်နေသလိုပုံစံမျိုးတွေလုပ်တယ်။ ကိုယ်ထိလက်ရောက် စော်ကားလာတဲ့ယောကျ်ားတွေလည်းရှိတယ်..သူမကတော့ ဘာမှပြန်မလုပ်ဘူး။
၆နာရီပြည့်သွားတဲ့အချိန်မှာ အနားတဝိုက်ကို သူမပုံမှန်အတိုင်းလျှောက်ကြည့်တယ်။ သူမကို ကိုယ်ထိလက်ရောက်စော်ကားတဲ့လူတွေ..ထိခိုက်ဒဏ်ရာရအောင်လုပ်တဲ့သူတွေသူမမျက်နှာကို စေ့စေ့တောင်မကြည့်ရဲကြဘူး။သူမကိုရှောင်ပြီးထွက်ပြေးကြတယ်။သူတို့လုပ်ထားတာ သူတို့သိလို့ဒီလိုထွက်ပြေးတယ်ဆိုတာသူမသိနေတယ်လေ။
လူတွေဟာ ကြောက်စရာအကောင်းဆုံးမျိုးစိတ်တွေပါပဲ။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations