အဆင်ပြေနိုင်မယ့်နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်...
သဘောထားကွဲလွဲမှုတွေကြောင့် စုံတွဲတွေမကြာခဏစကားများကြရပါတယ်။စကားမများအောင်နေလို့ရမယ့် နည်းလမ်းရောမရှိဘူးလား ? မရှိလောက်ပါဘူး။စုံတွဲတိုင်းရန်ဖြစ်ကြတယ်။ဒါပေမယ့် ရန်ဖြစ်ပြီးရင်ပြန်အဆင်ပြေအောင် ဘယ်လိုလုပ်မလဲဆိုတာ နည်းလမ်း ၆ခုကို Bright Side မှတစ်ဆင့်ဖော်ပြပေးသွားပါမယ်။
၁. ၁၀ထိရေတွက်
ဟုတ်ပါ့မလား ? အလုပ်ဖြစ်ပါ့မလား ? ကိုယ်မကြိုက်တာ...သဘောထားမတိုက်ဆိုင်တာမျိုးကို တွေ့ပြီဆို အသက်ဝဝရှုပြီး ၁ဝထိရေတွက်ပါ။ကိုယ့်ရဲ့စိတ်လိုက်မာန်ပါ စကားတစ်ခွန်းကြောင့် ကိုယ့်ချစ်သူကို သင်မနာကျင်စေချင်ဘူးလေ ဟုတ်?
၂. ''Stop'' ဆိုတဲ့စကားကို လက်တွေ့ကျင့်သုံး
အကြီးအကျယ်စကားများတဲ့အခါ အရေးကြီးဆုံးက သင်တို့နှစ်ယောက်လုံးအပြိုင်ဆိုင်ပြောနေတဲ့ စကားတွေကို ရပ်ပစ်လိုက်ဖို့ပါပဲ။ရပ်ပစ်လိုက်ပြီး သေချာပြန်စဉ်းစားပါ။မရဘူး...ခေါင်းပူနေပြီ။ စိတ်တစ်အားရှုပ်လာပြီဆို တိတ်ဆိတ်တဲ့နေရာသွားပြီး အေးဆေးပြန်သုံးသပ်။ပြီးမှ ထပ်ဆွေးနွေးပေါ့..ဒီအခါသွေးအေးသွားပြီဆိုတော့ စကားပြောမလောတော့ဘူး။အေးဆေးရှိလာမယ်။သင့်ရဲ့ စိတ်ရှည်မှုကိုလည်း သူသတိထားမိသွားပါလိမ့်မယ်။
၃.အနိုင်ရဖို့ မကြိုးစားပါနဲ့
သင်တကယ်လိုချင်တာ ဒါမျိုးမဟုတ်ဘူးလေ..ဟုတ်တယ်မလား။ အမြဲတမ်း သင့်ဘက်ကမှန်နေဖို့မလိုပါဘူး။ ချစ်တဲ့သူနဲ့စကားများတဲ့အခါ မှန်တယ်၊မှားတယ်ဆိုတဲ့ကိစ္စတွေဟာ သေချာခွဲခြားလို့မရဘူး။ စကားများနေရင်း သင့်အရမ်းဒေါသထွက်နေတယ်ဆို ပြောချင်တဲ့အကြောင်းအရာတွေလွဲချော်သွားနိုင်ပါတယ်။ စဉ်းစားကြည့်ပါ.. တစ်ခုခုလွဲနေတာကို သင်သတိထားမိပါလိမ့်မယ်။
၎.ဘာမဟုတ်တာလေးနဲ့ စကားများခြင်း
တစ်ယောက်နဲ့တစ်ယောက်က အမြင်ချင်းမတူတော့ ကိုယ်ကဘာမဟုတ်တဲ့ကိစ္စလို့ထင်ပေမယ့် သူ့အတွေးမှာ ကြီးကျယ်ချင် ကြီးကျယ်နေလိမ့်မယ်။ ဒါပေမယ့် တစ်ချို့အသေးအမွှားကိစ္စလေးတွေက စကားများရတာနဲ့တောင်မတန်ပါဘူး။နောက်ဆက်တွဲက အားကုန်ပြီး စိတ်ဖိစီးတာပဲအဖတ်တင်တယ်။ အကျိုးမရှိတဲ့အရာတွေကို မေ့လိုက်ခြင်းဟာ ကိုယ့်ကိုကိုယ်စိတ်ချမ်းသာအောင်ထားနည်းတစ်မျိုးပါပဲ။
၅.ပွေ့ဖက်ပေးပါ
၅.ပွေ့ဖက်ပေးပါ
သဘောထားခြင်းမတိုက်ဆိုင်တဲ့အခါ နားလည်နိုင်တော့တဲ့အခါ နောက်ဆုံးတစ်ခု သင်လုပ်နိုင်တာက သူ့နဲ့ခန္ဓာကိုယ်ချင်းဆက်သွယ်နေဖို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနည်းလမ်းက သင်တို့နှစ်ယောက်လုံးကို စိတ်ကိုပျော့ပျောင်းသွားစေပါတယ်။ပွေ့ဖက်ဖို့အတွက် မကြောက်ရွံပါနဲ့။ဖက်ကြည့်လိုက်ပါ။အများကြီး အထာက်အကူဖြစ်ပါတယ်။
၆. ယံုၾကည္မႈ
၆. ယံုၾကည္မႈ
သင့်ပတ်ဝန်းကျင်နဲ့ သူဖြတ်သန်းနေရတဲ့ပတ်ဝန်းကျင်ဟာ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအပေါ်လွှမ်းမိုးမှုတွေရှိနိုင်ပါတယ်။ အဆိုုးမြင်သမားတွေရဲ့ဝါဒီတွေဟာ သင်တို့ကို စကားများအောင်ဖန်တီးပါလိမ့်မယ်။ကြားလူတွေရဲ့သွေးထိုးစကားကို မယုံကြည်ဘဲ ကိုယ်တိုင်ဆင်ခြင်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်ပါ။
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations