တောင်ကိုရီးယားက ချစ်စရာကောင်းတဲ့ကော်ဖီလေးတွေဟာ အခုရေပန်းစားနေပါတယ်..


Cafe C ပိုင်ရှင် ၂၆နှစ် Lee Kang Bin ရဲ့ အများနဲ့မတူ တစ်မူထူးခြားအောင် အဆန်းထွင်လိုက်တဲ့ သူ့ရဲ့ကော်ဖီဟာ အခုဆိုလူတိုင်းပါးစပ်ဖျားမှာ ပြောစမှတ်တွင်နေပါပြီ။အဆန်းထွင်တယ်ဆိုတာလည်း စွန့်စားမှုလေးတော့ပါရတော့ပေါ့။ဒီလိုစွန့်စားမှလည်း တောက်ပြောင်တဲ့လက်ရာတစ်ခုဟာ အောင်မြင်မှာမဟုတ်လား။


ကော်ဖီခွက်ထဲမှာ ဒီလိုချစ်စရာကောင်းတဲ့ရုပ်ပုံလေးတွေရေးဆွဲဖို့ သိပ်တော့မလွယ်လှဘူး။ ဒီလိုလှပတဲ့လက်ရာလေးတွေကိုပြသဖို့ သူနှစ်အနည်းငယ်ထိကြိုးစားရတယ်လို့ပြောပါတယ်။ Cream Art လို့ခေါ်တဲ့ပညာကို သူအရင်လေ့လာပြီး ပုံစံမျိုးစုံကိုသူပုံဖော်ကြည့်ခဲ့တယ်။


သူ့ရဲ့လက်ရာကို သူ့ရဲ့ပုံမှန်ဖောက်သည်တွေသာမက အင်တာနက်သုံးစွဲသူတွေကြားမှာလည်း အလွန်ရေပန်းစားသွားခဲ့တယ်။ ရေးဆွဲထားတဲ့ ကော်ဖီခွက်ထဲကလက်ရာလေးတွေဟာ ကာတွန်းဇာတ်ကောင်လေးများနဲ့ အခြားသော ရှုခင်းပုံစံတွေလည်းပါဝင်ပါတယ်။


ဒီလိုလက်ရာလေးတွေရဲ့လျှိ့ဝှက်ချက်ကိုလည်း သူကသင်တန်းပေးနေတယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations