ခေတ်ရေစီးကြောင်းကိုလည်း လိုက်လို့မမှီတော့ဘူးရယ် ..


ပြီးခဲ့နှစ်ပတ်လောက်က ပြောင်းလဲလာတဲ့ဖက်ရှင်တွေဟာ တဖြည်းဖြည်းနဲ့ဆန်းသထက် ပိုပိုဆန်းလာတာတွေ့ရတယ်။ ဒီလိုအဆန်းဒီဇိုင်းတွေကို လိုက်ဝတ်သူဟာ လူနည်းစုသာရှိပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့လူတွေသာ ဝတ်လာကြတယ်။ လတ်တလောကလည်း ဂျင်းအပြဲတွေတော်တော်လေးခေတ်စားလာတာတွေ့ရပြန်တယ်။


ဒါပေမယ့် ဒီလိုပြောင်းလဲသွားတဲ့ဖက်ရှင်တွေကို မြင်နေကျပါလို့သင်တွေးနေရင် နောက်ထပ်ပေါ်လာတဲ့ ဒီဇိုင်းကိုတစ်ချက်လောက်ကြည့်လိုက်ပါ။ နောက်ဆုံးပေါ် ခေတ်စားလာတဲ့ ဒီဇိုင်းဟာဆို ကိုယ့်ကိုယ်ပိုင်ပစ္စည်းလေးတွေကို တိပ်နဲ့သာကွယ်ထားတဲ့ပုံစံမျိုးပါ။ အမျိုးသမီးခန္ဓာကိုယ်က အရေးကြီးတဲ့အစိတ်ပိုင်းတွေကိုဟာ ဖုံးကွယ်ထားပြီး ကျန်နေရာတွေကတော့ လုံးဝဗြောင်ကြီးပါပဲ။



ကလပ်နဲ့ဘားတွေကို သွားတဲ့မိန်းကလေးတွေဟာ သူတို့ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတွေကို တိပ်နဲ့သာကပ်ပြီး ဘာမှမဝတ်ဘဲသွားကြတယ်လို့သိရပါတယ်။

ထိုကဲ့သို့ ဒီဇိုင်းမျိုးကို လုပ်ရဲတဲ့လူရှားပြီး တကယ်လုပ်ရဲတဲ့လူတွေဟာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့လူတွေသာဖြစ်ပါတယ်။ Black Tape Project လို့ခေါ်တဲ့ ထိုဒီဇိုင်းကို မိုင်ယာမီမှ ဒီဇိုင်နာ Joel Alvarez ကဦးဆောင်ပြီး အသစ်ထွင်ခဲ့တာဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations