သင်ဟာ မကြာခဏ လက်သည်းကိုက်တတ်သူတစ်ယောက်လား ?


မိသားစုဝင်တွေထဲမှာ ဒါမှမဟုတ် သူငယ်ချင်းတွေထဲမှာ လက်သည်းကိုက်တတ်တဲ့သူတွေ ဒါမှမဟုတ် ဆံပင်ကိုထိုင်လိမ်နေတဲ့လူတွေကို မကြာခဏတွေ့ဖူးမှာပါ။ စိတ်ပညာရှင်တွေပြောကြားချက်အရ လက်သည်းကိုက်တတ်သူ (သို့) ဆံပင်ကိုထိုင်လိမ်နေတတ်သူဟာ စိုးရိမ်ပူပန်မှုများတဲ့လူတွေလို့ သတ်မှတ်ထားပါတယ်။ ထိုလက်သည်းကိုက်ခြင်းကနေတစ်ဆင့် မမြင်တဲ့ပိုးမွှားတွေဟာ ခန္ဓာကိုယ်ထဲကိုကူးစက်ပျံနှံ့သွားနိုင်ပါတယ်။



ဒီလိုပဲ Kale ဆိုတဲ့ ကောင်လေးဟာလည်း မကြာခဏလက်သည်းကိုက်တတ်တဲ့အကျင့်ရှိပါတယ်။ အမေဖြစ်သူက သူ့သားရဲ့သွားဖုံးမှာ တစ်ခုခုစိုက်နေသလိုခံစားရတယ်ဆိုလို့ စစ်ဆေးကြည့်ခဲ့တယ်။ သွားဖုံးမှာ လက်သည်းအစလေးတစ်ခုသွားစိုက်နေတာကို တွေ့ရှိခဲ့တယ်။ အဲ့ဒါကို ဇာဂနာနဲ့ဆွဲနုတ်ပေးခဲ့ရပါတယ်။

သေချာအောင် သူ့သားပါးစပ်ကိုပြန်စစ်ကြည့်တော့ အထဲမှာအခြားလက်သည်းစတွေလည်း   စိုက်ဝင်နေတာကိုတွေ့လိုက်ရပါတယ်။ အမေဖြစ်သူလည်း ထိတ်လန့်စွာနဲ့ သူ့သားမနာကျင်အောင် စိတ်ငြိမ်ငြိမ်ထားပြီး ဆွဲနုတ်ပေးရတယ်။ အခြားမိဘတွေလည်း သတိထားလို့ရအောင် သူမရဲ့အတွေ့အကြုံအား လူမှုကွန်ရက်ပေါ်မှာမျှဝေခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations